Uni ver
.
.
.
.
ဆေးရုံကြီး၏တိတ်ဆိတ်ခြောက်ကပ်နေ
သောICU အခန်းထဲရှိ ကုတင်ပေါ် အသက်မဲ့စွာ လှဲလျောင်းနေသော သမီးဖြစ်သူကိုမျက်ရည်များနဲ့ကြည့်ပြီး ဒေါ်နှင်းမြသည်
လက်သီးကိုတင်းတင်းဆုပ်ထားမိ၏။သူမ၏ယောက်ျား ဦးခင်ရှိန် သည်လည်း
သူမနည်းတူ ထပ်တူလက်သီးဆုပ်ထားသည်။သူမတို့၏ တစ်ဦးတည်းသောသမီးသည်
ဒီမနက်လွန်ခဲ့သော ၂နာရီအချိန်လေးမှတင်
လောကကြီးကို နှုတ်ဆက်ထွက်ခွာသွားပြီဖြစ်သည်။ဆေးရုံရောက်ပြီးမကြာပါ အခြေနေပြန်မကောင်းလာခဲ့သော သမီးဖြစ်သူကြောင့် ဆရာဝန်မှလည်း သူမတို့အား လက်လျှော့ဖို့
သိပ်ပြီး မျှော်လင့်ချက်မထားဖို့ပြောထားပြီးသားဖြစ်သည်။တစ်ဦးတည်သော သမီးသေဆုံးရခြင်း
အပေါ် ဒေါ်နှင်းမြ သည် လက်စားချေဖို့အတွက် ဆန္ဒပြင်းထန်နေခဲ့ပြီ။"ဟိုကောင်လေးက ပြောတော့သာ သမီးလေးရဲ့ချစ်သူ ဒါမဲ့ သမီးအခုလိုဖြစ်နေတာတောင် တစ်စက်ကလေးမှလာမကြည့်ပါလား ဟမ်?''
ဒေါ်နှင်းမြ၏ပေါက်ကွဲသံကို ဦးခင်ရှိန် လည်း
ခေါင်းတညိတ်ညိတ်နဲ့ ထောက်ခံလေသည်။သူရိန်၏အမိန့်တစ်ချက်ကြောင့် နန်းသီရိ ရဲ့
ပြသနာကို သူရရော ယံယံမှာ လုံးဝမသိချေ။အထူးသဖြင့် သူရကို သူရိန်ပိုပြီး မသိစေချင်ပါ။သိခဲ့မည်ဆိုပါက သူ့အပြစ်ကြောင့် တစ်ပါးသူအသက်ဆုံးသွားသည်ဆိုပြီး
သောကရောက်နိုင်သည်။ထို့ကြောင့် ဒေါ်နှင်းမြ သည် သမီးဖြစ်သူ
ဆေးရုံမှာရှိနေသည့်ကာလတစ်လျှောက်လုံး
ပေါ်မလာသော သူရကို ဒေါ်နှင်းမြ ပြင်းထန်စွာ အငြိုးထား၏။ထို့အပြင် ကား accident တွင် သူရိန်
၏လက်ချက်ဖြစ်မည်ကို သံသယဝင်နေတာကြောင့်လည်း ယံယံ ကိုပါ သူမ ချန်မည်မဟုတ်ချေ။ဒေါ်နှင်းမြ သည် စီးကျလာသော မျက်ရည်များကို စိတ်နာနာနဲ့သုတ်ပြီး သူမ၏အမျိုးသား ဦးခင်ရှိန် ဘက်လှည့်ပြီး
မကျေနပ်ချက်များကို အငြိုးကြီးစွာ
တစ်ချက်ချင်းဖွင့်ဟပြောဆိုလေ၏။
YOU ARE READING
💖ကိုကိုရဲ့အချစ်ခံလူသား 💖(Complete)
Romansအချစ်အတွက်ပေးဆပ်ခြင်းဆိုတဲ့စကားစုကသိပ်ကိုလှတာ နောင်တဆိုတဲ့အကျဥ်းတန်တဲ့စကားစုနဲ့ ဘယ်သောအခါမှ နှိုင်းမယှဥ်ရဘူး '' လင်းမြတ်သူရိန် ပထမဆုံးစရေးတာမို့ သည်းခံပြီးဖတ်ပေးပါ🙆🙆🙆 ---------------------------------------------------------------- အခ်စ္အတြက္ေပးဆ...