Unicode
Zawgyi
------------
.
.
.
.
အချိန်အားဖြင့် ည ၆ အချိန်ဖြစ်၏။ညစာစားပြီးကတည်းက စာကျက်မည်ဆိုကာအခန်းထဲဝင်သွားသော ချစ်ရသူလေးကြောင့်
သူရိန်လည်း သူ၏အလုပ်ခန်းထဲဝင်ပြီး သူအလုပ်ကိုဆက်လုပ်နေလိုက်သည်။ကိုယ့်အနားသူလေးမရှိသည့်အချိန်မှသာ အလုပ်ကိုပိုပြီး အာရုံစိုက်ဖြစ်တာကြောင့်
သူရိန်လည်း ရသည့်အချိန်လေးကိုအကျိုးရှိရှိအသုံးချနေလိုက်၏။သူရိန် မပြီးပြတ်သေးသောအလုပ်များနှင့်
စစ်ဆေးစရာရှိသော စာရင်းများအားလုံးကိုစစ်ဆေးအပြီးသတ်ပြီး လက်ကောက်ဝတ်ကနာရီကိုကြည့်လိုက်တော့ ည ၉နာရီခွဲရှိနေခဲ့ပြီ။ချစ်ရသူလေးနှင့်ဝေးကွာနေရသည့်အချိန်က
၃နာရီကျော်ပြီဖြစ်ကြောင်း နာရီသက်သေပြနေ၏။ထို့ကြောင့်သူရိန်လည်း အလုပ်ကိစ္စနှင့်ပက်သက်သောအရာအားလုံးကို သူ့နေရာနှင့်သူ စနစ်တကျ ပြန်ထားပြီးသူ့အခန်း၏မျက်နှာချင်းဆိုင်အခန်းမှာရှိ
နေသည့်ချစ်ရသူလေးဆီဦးတည်လိုက်၏။သူရိန်အခန်းရှေ့ရောက်နေပေမယ့် အသံ
မပေးဖြစ်ခဲ့။တံခါးကို ပုံမှန်ဖွင့်နေသည့်အတိုင်းအသံတိုးတိုးလေးမြည်အောင်ဖွင့်လိုက်ပေမယ့် စာထဲအာရုံရောက်နေသည့်ကောင်လေးမှာ
မကြားဘူးထင်ပါရဲ့။နဂိုတည်တည်တံ့တံ့မျက်နှာထားဖြင့်သာ
စာကိုအာရုံစိုက်လေ၏။ထို့ကြောင့်သူရိန်လည်း လက်ပိုက်လျက် တံခါးထောင့်ကိုမှီပြီး လူစားထိုးခံစားသယောင် လူကြီးပုံစံဖမ်းနေသော ချစ်ရသူလေးကို ပြုံးပြုံးလေးကြည့်နေလိုက်၏။
စာကိုအာရုံစိုက်နေသောချစ်ရသူလေးသည်
အရင်က အကြောင်းမရှိအကြောင်းရှာပြီးရစ်နေတတ်သောကောင်လေးမဟုတ်တော့
ရင့်ကျက်တည်ငြိမ်နေသော အမျိုးသားတစ်ယောက်အသွင်ဆောင်နေ၏။စာကြည့်နေရင်း မျက်ခုံးတွန့်လိုက် မျက်ခုံးကို လက်ညှိုးဖြင့်ပွတ်လိုက်လုပ်နေသေးတာ
ကြောင့် အရင်က ကလေးရုပ်နဲ့သူဟာ လုံးလုံးကိုပျောက်ကွယ်သွားရသည်အထိ။
YOU ARE READING
💖ကိုကိုရဲ့အချစ်ခံလူသား 💖(Complete)
Romanceအချစ်အတွက်ပေးဆပ်ခြင်းဆိုတဲ့စကားစုကသိပ်ကိုလှတာ နောင်တဆိုတဲ့အကျဥ်းတန်တဲ့စကားစုနဲ့ ဘယ်သောအခါမှ နှိုင်းမယှဥ်ရဘူး '' လင်းမြတ်သူရိန် ပထမဆုံးစရေးတာမို့ သည်းခံပြီးဖတ်ပေးပါ🙆🙆🙆 ---------------------------------------------------------------- အခ်စ္အတြက္ေပးဆ...