🍎part 30🍎

18.6K 1.1K 146
                                    

Uni ver
.
..
.
.
အချိန်ကား မနက်ခင်း အချိန်ဖြစ်နေ၏။
အိမ်ကိုပြန်ချင်သည်ဆိုပြီး တဂျီဂျီ လုပ်နေတဲ့
ယံံယံ ကြောင့် သူရိန်လည်း မတတ်နိုင်။

ဘာမှတောင် မပြောရသေး ပြိုတော့မဲ့မိုးလို
မျက်ဝန်းမှာမျက်ရည်နှင့်မို့ သူရိန်မှာ သနားရ၏။

ဆေးရုံမှာ မနေချင်တာလည်း မပြောပါနှင့်။ ဆေးရုံဆိုသည့်အတိုင်း ဆေးအနံ့မျိုးဆိုနဲ့မို့ သူရိန် လည်း မနေနိုင်။

ထို့အပြင် အိမ်ပြမယ်အသည်းအသန်လုပ်နေတဲ့ ယံယံကြောင့် သူရိန်ဆရာဝန်ကိုအပူကပ်ရ၏။

ဆရာဝန်လည်းသဘောအတိုင်းသာ ပြန်ခွင့်ပေးလိုက်၏။ဆရာဝန်က မှာစရာရှိတာမှာပြီး
တစ်ခုခုဆို ဖုန်းဆက်လှမ်းခေါ်ရန်ပြောလိုက်ပေမဲ့ ကိုကိုရှိလျှင် ဘယ်သူမှမလိုတော့သည့်အကြောင်း ဆရာဝန်ထက် စွာလွန်းတဲ့
ယံယံကြောင့် သူရိန် ပြုံးမိရ၏။

ပြန်ခွင့်ရပြီမို့ ခုဏက ငိုမဲ့မဲ့ဖြစ်နေသော ယံယံသည်အခုတော့ သူမဟုတ်သည့်အတိုင်းပင်
မျက်နှာက ပြောင်စပ်စပ်ဖြစ်နေ၏။

ဆိုတော့ သူရိန်မှာ ချစ်လို့မဝနိုင် နှာခေါင်းလုံးလုံးလေးကို ဆွဲညှစ်လိုက်၏။

ထိုအခါ သွားဖြဲကာရီပြလာသော ယံယံ
ကြောင့် သူရိန် လည်း ပြုံးမိရပြန်၏။

"ကဲ ဘယ်လိုလဲ ကျေနပ်ပြီလား ရွှေမင်းသားလေး''

"ဒါပေါ့ ဒါပေါ့ အရမ်းကျေနပ်တာ''

လက်မထောင်ပြီး ခေါင်းတညိတ်ညိတ်နဲ့ ပြောနေပုံမှာ တကယ်အသည်းယားစရာ။

ခြေထောက်ဟာ ဒဏ်ရာ​ကြောင့် သိပ်မလှုပ်နိုင်ပေမဲ့ လက်နဲ့ခေါင်းကတော့ အငြိမ်မနေပင်။

ထို့အပြင် ပါးစပ်ကလည်း စည်းမစောင့်။
ပေါက်ကရတွေ အမျိုးမျိုး ပြောသေးသည်။

အိပ်ယာနိုးနိုးချင်းပြန်မယ်လုပ်တာကြောင့်
မျက်နှာမသစ်ရသေး ခေါင်းမွေးစုတ်ဖွာနှင့်
ဖြစ်နေလေ၏။

ဆံပင်ကို သပ်ရပ်နေအောင် လုပ်ပေးပြီး
မျက်နှာလေးကို အုပ်ကိုင်လိုက်တော့ မော့
ကြည့်လာသော မျက်ဝန်းလေးမှာ ပျော်မြူးနေကြောင်း သက်သေပြနေသည်။

💖ကိုကိုရဲ့အချစ်ခံလူသား 💖(Complete)Where stories live. Discover now