🍎part 15🍎

25.8K 1.8K 124
                                    

   🌚🌚
------------------------------
=================

Uni ver

.
.
.
.

ညနေဆည်းဆာနေဝင်ချိန်တွင်
ငှက်ကလေးများသည် ဆိုင်ရာဆိုင်ရာအရပ်စီ
အိပ်တန်းတက်ရန်အတော်ပံခတ်လျှက်
အချင်းချင်းသတိပေးအော်ခေါ်နေကြသည်မို့
ရှစ်မျက်နှာသောအရပ်သည် ငှက်ကလေးများရဲ့ မူပိုင်အသံများဖြင့် ပြည့်နှက်ဆူညံနေလေသည်။

ထို့အပြင် ဝမ်းရေးအတွက်ပင်ပင်ပန်းပန်းနှင့်
အလုပ်ထွက်ရှာသောလူအများသည်လည်း အိမ်ပြန်ချင်ရောက်နေကြပြီမို့
ကျယ်ပြန့်လှသော ကားလမ်းမထက်ဝယ် ဆူပူလွန်းလှသော လူအသံများ ကားသံများဖြင့် သူ့အိမ်ကိုယ့်အိမ်
အိမ်မှမျှော်နေသူများဆီ အပြေးလေးသွားရန်ခြေလှမ်းများကိုယ်စီလှမ်းနေကြကုန်ပြီ။

နေမင်းကြီးသည်လည်း အိမ်ပြန်ချိန်ရောက်နေပြီမို့ မဂ်လာရှိသော လူအပေါင်းတို့အား
ကောင်းသောညနေခင်းနှင့်အတူ
ကျောခင်းပြီး အိပ်စက်ချိန်မှာ စိတ်ကလေး
အား သာယာစေသော အိပ်မက်လှလှများ
မက်ကြစေရန် ဆုတောင်းနေလေပြီး
အနောက်အရပ်ဆီသို့ ဖြည်းဖြည်းချင်း
ထွက်ခွာနေလေပြီ။

လူသားများအကျိုးအတွက်
သဘာဝတရားကပေးအပ်ထားသော
ညတာဝန်အား ထမ်းဆောင်ရန်
လုံးလုံးဝန်းဝန်း လှဝန်းလေးသည်လည်း
များမကြာမီ လူသားများအရှေ့ရောက်ရှိလာတော့မည်ဖြစ်သည်။
.
.
ထိုနည်းတူ ရန်ကုန်မြို့တစ်နေရာ

စံအိမ်တော်၏အပေါ်ထပ်တစ်နေရာက
အခန်းငယ်လေးသည်လည်း ညနေခင်း
လေနုအေးအေးက ပျိုးစကျီစယ်ကာ
အကန့်အသက်မရှိ တိုက်ခတ်လာသော
ကြောင့် အခန်းမှ လိုက်ကာများမှာ
တလွင့်လွင့်နှင့်။

ထိုအခန်းလေးမှာ စောင်အား ပုခုံးဖုံးသည်အထိ ခြုံပြီး အိပ်စက်နေသော လူသားနှင့်
ထိုလူသား၏နဘေး ဘေးစောင်းလဲပြီး
နားထင်ထောက်လျှက် အပူအပန်ကင်းစွာ
အိပ်စက်နေသော လူသားအား
တစိမ့်စိမ့်ကြည့်နေသော နောက်ထပ်လူသား
တစ်ယောက်ရှိနေခဲ့သည်။

နေဝင်ညနေအချိန် အိပ်စက်လျှင်
အခန့်မသင့်က ဖျားတတ်သည်မို့
မအိပ်ပါနှင့် နိုးပါထပါ ကိုယ့်စကားအား
အရေးလုပ်ပါဟု နှုတ်ခမ်းဖျားက
တဖွဖွနှင့်ပြောချင်ပေမဲ့ တကယ်တမ်းမှာ
လုံးဝပြောမထွက်ခဲ့။
.
.

💖ကိုကိုရဲ့အချစ်ခံလူသား 💖(Complete)Where stories live. Discover now