🍎part 22🍎

18.1K 1.3K 84
                                    

Uni ver
.
.
.

တူ..တူ..တူ
တူ..တူ..တူ

အိပ်နေရင်း ထမြည်လာသော ဖုန်းသံကြောင့်
သူရ မျက်ခုံးတွန့်မိ၏။

အိပ်နေသည့်အချိန် နှောက်ယှက်လျှင် သေမတတ်ကိုမုန်းမိပါ၏။

ထို့ကြောင့် သူရ အိပ်ချင်မူးတူးဖြင့် ဖုန်းအား
လှမ်းယူပြီး power off လိုက်လေသည်။

ပြီးသည်နှင့် စောင်ကိုခေါင်းအထိခြုံပြီး တစ်ရေးပြန်အိပ်စက်ပြန်သည်။
.
.
15 မိနစ်ခန့်အကြာ

ဒေါက်..ဒေါက်

"" သူရနိုးပြီလား သူရ..'''

တံခါးခေါက်သံနှင့်အတူ အပြင်မှဒေါ်လေး၏အသံကြောင့် သူရ ငေါက်ခနဲ
ထထိုင်လေ၏။

ဒီနေ့ဟာ သူ့အတွက်အလွန်ထူးခြားနေသလို။

အိပ်နေချိန် မြည်သံတစ်ခါမှပင် မကြားရသော သူ၏ဖုန်းဟာ ဆိုရင်ဖြင့် ဒီနေ့မှာတော့
ထမြည်လာ၏။

ထို့အပြင် သူ နေ မြင့်သည်အထိအိပ်စက်လျှင်တောင် တံခါးခေါက်ခြင်း သူ့အား လာရောက်နှိုးခေါ်ခြင်းမရှိသော သူ၏အဒေါ်သည်လည်း ဒီကနေ့မှာ ထူးဆန်းပြန်သည်။

အိပ်ရေးမဝလျှင် လူကလုံးဝစိတ်မကြည်တာမို့ သူရ စိတ်ရှုပ်စွာခေါင်းကိုဖွာလိုက်ပြီး လေးလံနေသော ခြေလှမ်းဖြင့် တံခါးကို
ဖွင့်လိုက်လေ၏။

သူရ၏ခေါင်းမွေးစုတ်ဖွာနှင့်ပုံစံကြောင့် တံခါးရှေ့ရပ်နေသော သူ၏အဒေါ်မှာ
နှာခေါင်းရှုံ့သွားသည်အထိ။

""ဘာလဲ ဒေါ်လေး?'''

""ဘာမှမလဲဘူး အောက်မှာဧည့်သည်ရောက်နေတယ်'''

""အာ ဧည့်သည်က ကျွန်တော်နဲ့ဘာဆိုင်လို့လဲ ဒေါ်လေးလည်းရှိတာပဲကို'''

""အော် နင့်ဧည့်သည်မို့ နင့်ကိုလာခေါ်တာလေ အောက်မှာစောင့်နေတယ် သွား သွားတွေ့လိုက်'''

""ဟုတ်'''

ခေါင်းမွေးစုတ်ဖွာနှင့်အောက်ဆင်းသွားသောတူတော်မောင်ကြောင့် အဒေါ်ဖြစ်သူမှာ
သက်ပြင်းချရချေပြီ။

ပြောင်လိုက်တဲ့မျက်နှာ မပြေလိုက်တဲ့အချိုး
ဆိုးလှသော ပါးစပ် နှင့်သူမ၏တူတော်မောင်
အကြောင်း သူမအသိဆုံးမို့ မဆူချင်မဆဲချင်တော့ပင်။
.
.
သူရသည် အောက်အရောက် ဧည့်သည်ဆိုသောသူကို တွေ့လိုက်သည်နှင့် ခြေလှမ်းများ
ဟာ ချက်ချင်းဆိုသလို ရပ်သွားလေ၏။

💖ကိုကိုရဲ့အချစ်ခံလူသား 💖(Complete)Where stories live. Discover now