🍎part 35🍎

14.9K 1K 80
                                    

Uni ver
.
.
..
"ကိုကို ကိုကိုရေ ကိုကို ထတော့ဆို ''

". ... ''

"ကိုကိုလို့! ထလေ ကိုကိုရဲ့ ထတော့ဆို ကိုကိုလို့''

မနက်၃နာရီအချိန်မတော်ထပြီး သူရိန်ကို အတင်းဂျီကျနေသော ယံယံဖြစ်သည်။

သူ့မှာ သူရအကြောင်းသိချင်တာကြောင့်
သူရိန် ကို ပေးမအိပ်ပဲ ထပ်ထပ်ခါခါထပ်စုလေ၏။

ထို့ကြောင့် သူရိန်လည်း လက်လျှော့လိုက်ရသည်။ အစတုန်းက မိုးလင်းမှ ပြောပြမယ်လုပ်ထားပေမယ့် အတင်းရန်လုပ်နေတာကြောင့် သူရိန် ပြောလိုက်ရသည်။

အကြောင်းစုံသိသွားရင်ငြိမ်သွားလိမ့်မည်ဟု
သူရိန် ထင်ထားခဲ့ပေမယ့် တကယ်တမ်းကပိုဆိုးသွား၏။

ညမိုးချုပ်ကြီး ဆေးရုံကိုသွားမည် သူရကိုသွားတွေ့မည်ဆိုပြီး လုပ်နေတာကြောင့်
သူရိန် မှာ ယံယံကိုအတင်းထွေးပွေ့ပြီး မနည်း ချော့သိပ်ကာ အိပ်ခိုင်းလိုက်ရသည်။

စစချင်းတော့ အတင်းရုန်းနေသေး၏။

သို့ပေမယ့် အင်အားချင်းမမျှတာကြောင့် မကြာလိုက်ပါ ရင်ခွင်ထဲငြိမ်ကျသွားတော့၏။

ထိုအခါမှသာ သူရိန် သက်ပြင်းချပြီး ရင်ခွင်ထဲက ကိုယ်လုံးလေးကို ပိုတင်းပွေ့ပြီး အိပ်စက်လိုက်သည်။

ကလေးဆိုးလေးကတကယ်အိပ်ရဲ့လားသူရိန်မသိ။ ည ၁၂ ကျော်မှအိပ်တာကို မနက် ၃နာရီ
ထပြီး ရစ်ပြန်သည်တဲ့လေ။

သူလေးရဲ့ခေါ်သံ ပွစိပွစိလုပ်သံကိုသူရိန်ကြားနေပေမဲ့ လုံးဝမထချေ။ ငြိမ်ပြီးတော့သာ ဆက်အိပ်နေလိုက်၏။

ထိုအခါ ယံယံနှုတ်ခမ်းစူပြီး မျက်နှာလည်း မှုန်ကုပ်လာရပြီ။

ဒီလောက်အကြာကြီးခေါ်တာကို အအိပ်ဆတ်တဲ့ ကိုကိုက မကြားစရာအကြောင်းမရှိ။

သက်သက်မဲ့ မကြားချင် ဟန်​ဆောင်နေတာဖြစ်ပေလိမ့်မည်။

ထို့ကြောင့် ယံယံ ကောက်ကျစ်သည့်အပြုံး
ပန်ဆင်လိုက်၏။

ယံယံ ကိုတော့ ဒီလိုမျိုးလာလုပ်လို့ရမယ်ထင်နေတာလား?

တင်းကျပ်စွာထွေးပွေ့နေသော ကိုကို၏ရင်ခွင်ထဲယံယံငြိမ်နေရင်း နောက်ဆုံးတစ်ကြိမ်ထပ်ခေါ်လိုက်သည်။

💖ကိုကိုရဲ့အချစ်ခံလူသား 💖(Complete)Where stories live. Discover now