🍎part 9🍎

27.8K 1.9K 81
                                    

Uni ver

.
.
.

မနက် အရုဏ်တက်ချိန်

Air cor မကြိုက်သည့် ချစ်ရသူအတွက်
မှန်တံခါးများ  ဖွင့်ထားသည်မို့
အပြင်မှ လေပြင်းများတဖြူးဖြူးနဲ့
တိုက်ခတ်လာပြီ မီးရောင်မှိန်မှိန်အောက်မှာ
အပြစ်ကင်းစွာ
အိပ်ပျော်နေသည့် ချစ်ရသူဟာ
ဤလူသားအတွက် ကမ္ဘာ့အကောင်းဆုံး
အားဆေးပါလေ

သူရိန် မနက်အရုဏ်တက်ချိန်ကတည်းက
နိုးနှင့်​နေပြီ ဘေးတစောင်းလဲကာ
နားထင်ထောက်လျှက် အိပ်ပျော်နေသည့်
ချစ်ရသူကိုရတနာတစ်ခုသဖွယ်
ရင်ခုန်မှုအပြည့်နှင့် တစိမ့်စိမ့် ကြည့်နေလေသည်

သူရိန် ခုတလောရိပ်မိပါသည်
သည်ကလေးဟာ သူ့အားခေါ်သည်
​ပြောသည်မရှိ
သူကဖြင့် စခေါ်လျှင် တဟုတ်ဟုတ်နဲ့
ပြီးသွားသည်

ကိုယ့်အပေါ် စိတ်များကွက်နေသည်လား
ကိုယ့်အတ္တကြောင့် ပူလောင်နေသည်လား
ကိုယ့်အနား ထွက်သွားဖို့ ကြံရွယ်နေသည်လား
စသည်ဖြင့် မပြီးနိုင်သည့် မေးခွန်းများသည်
သူရိန် ကို ကြောက်ကျစေပြီး
မနက်ခင်းလေကြောင့် အေးနေပေမဲ့
သည်လူရင်မှာတော့ ပူလောင်နေသည်

သူရိန် အတွေးတွင် လွင့်ပျံနေတုန်း
သူ့ရင်ခွင်ထဲ တိုးဝင်လာသည့်
ချစ်ရသူကြောင့် ပြုံးမိရပြီး အလိုက်သင့်
ပြန်ပွေ့ဖက်လိုက်သည်
အေးလို့ပဲလား မသိ အတင်းကိုတိုးဝင်နေသည်

ဟော သည်လိုကျပြန်ရော
ဒီလူသားမှာ ကမ္ဘာ့အပျော်ဆုံးလူသား
ဖြစ်ပါလေရောလား

📱တီး....တီ...တီ..

သူရိန် ကြည်နူးနေစဥ် ထမြည်လာသည့်
ဖုန်းအသံကြောင့် ကိုယ့်ကြည်နူးမှုကို
ပျက်စေသည်ထက် အိပ်ပျော်နေသည့်
ချစ်ရသူကို နိုးစေချင်လို့ သူရိန်
မနက်စောစော အကုသိုလ် ရပြန်သည်

သူရိန် ယံယံမနိုးစေရန် ဖြည်းဖြည်းဖွဖွလေး
ထလာပြီး ဖုန်းကိုကောက်ယူကာ
အပြင်ထွက်လာလိုက်သည်

ဖုန်းမှာ သူရိန်ဖုန်းမဟုတ် ယံယံဖုန်းပင်

သူရိန် ဖုန်းကို ကြည့်လိုက်စဥ် ဖုန်းမှာ ပေါ်လာသည့် အစ်ကိုရဲထွဋ် ဆိုသည့်  Contect
ကြောင့် သူရိန် နှာခေါင်းရှုံ့မဲ့ရလေရက်
ချစ်ရသူဖုန်းမှာ တစ်ပါးယောက်ျားရဲ့
Contact ရှိနေသည်ကို
သူရိန် လုံးဝမလိုလားပင်

💖ကိုကိုရဲ့အချစ်ခံလူသား 💖(Complete)Where stories live. Discover now