🍎part 52🍎

13.4K 681 10
                                    


Unicode
Zawgyi
.
.
.
မနက် ၇နာရီ

ဒီမနက်နိုးထလာချိန်မှာတော့ ကိုကိုကရှိ
မနေ။

ဆိုတော့ နှုတ်ခမ်းလေးစူလို့စိတ်လေးကောက်ချင်နေပြီ။

သို့သော် ကိုယ်ခဏနေပြန်လာခဲ့မယ်ဆိုတဲ့စာရွက်လေးက ကိုကို့ ခေါင်းအုံး၌နေရာယူထားသောအခါ စိတ်ကလေးပြေသွားခဲ့ရသည်။

ဒီနေ့တော့တစ်ယောက်တည်းမြန်မြန်နဲ့ရေမိုးချိုး အဝတ်စားလဲပြီး ကိုကို့ ကိုထိုင်စောင့်နေလိုက်၏။

.
.
မနက် ၈နာရီခွဲ

ဒေါက်..ဒေါက်

"ဝင်ခဲ့ ''

တံခါးခေါက်သံကိုယံယံလှည့်မကြည့်ဘဲ
မျက်လုံးမှိတ်လျက် ကုတင်ခေါင်းရင်းကိုမှီရင်းနဲ့သာ တုံ့ပြန်လိုက်သည်။

"Suprise!!!''

အသံကြောင့် လှည့်ကြည့်လိုက်တော့

"မေမေကြီး!''

"အမလေး လွမ်းနေတာ မေမေ့သားငယ်လေးကို''

"သားလည်းလွမ်းနေတာ ''

ယံယံကိုပြေးဖက်လာသော မေမေကြီးကို
ပြန်ပွေ့ဖက်ရင်း ပျော်ရွှင်မှုကအတိုင်းမသိ။

မိဘရင်ခွင်ကိုတမ်းတနေသူမို့ဖြစ်မယ်
အခုလိုထွေးပွေ့ခံလိုက်ရတော့ မျက်ရည်ကျမတတ်။

ထိုစဥ် အခန်းထဲဝင်လာတဲ့ကိုကိုကအပြုံးတစ်ပွင့်နဲ့အတူ ယံယံအနားဝင်ထိုင်လာ၏။

"Morning ကိုယ့်အချစ်လေး''

"ဟုတ် ကိုကိုရောပဲ Morning ''

သူရိန် ချစ်ရသူရဲ့ခေါင်းလုံးလုံးအားတစ်ချက်ဖွာပြီးနဖူးလေးကိုအကြင်နာခြွေတော့ ဘေးက မေမေက ပြုံးပြုံးလေးကြည့်နေလေ၏။

"ဒီနေ့ သားငယ်လေးကအလုပ်မသွားနဲ့
မေမေနဲ့အတူနေ ဟုတ်ပြီလား?''

"ဟုတ် မေမေကြီး ဒါနဲ့ မေမေကြီးဘယ်လိုလုပ်ချက်ချင်းကြီးရောက်လာတာလဲဟင်?''

"ပြီးခဲ့တဲ့နှစ်ရက်သုံးရက်တုန်းက မေမေ
စင်ကာပူရောက်နေတာလေ မိုးယံတို့နဲ့အတူလိုက်လာတာ''

ဟုတ်သား။ လွန်ခဲ့တဲ့ တစ်ပတ်တုန်းက
သူရတို့စင်ကာပူရောက်နေတာပဲ။
ဆေးရုံရက်ချိန်းပြရင်း ပျားရည်ဆမ်းခရီးပါထွက်မယ်ဆိုလားပဲ။

💖ကိုကိုရဲ့အချစ်ခံလူသား 💖(Complete)Where stories live. Discover now