Unicode
Zawgyi
--------------
.
.
.ယံယံနဲ့သူရသည်ကျောင်းမှအိမ်ကိုပြန်ရောက်ပြီးမကြာပါ အစ်ကိုရဲထွဋ် မှတွေ့ချင်သည်ဆိုလာသောကြောင့် နှစ်ယောက်သား
အစ်ကိုရဲထွဋ် ချိန်းထားသည့် ယိုးဒယားစားသောက် ဆိုင်သို့ရောက်လာခဲ့၏။ဆိုင်ထဲအရောက်တွင် ခုံပေါ်နေရာယူလိုက်ပြီး
စားပွဲထိုးအားခေါ်ကာမှာစရာရှိတာမှာလိုက်သည်။မျက်မှန်လေးနဲ့သူရကို အစ်ကိုရဲထွဋ်ကမမြင်ဖူးသည့်ဟန်ကြည့်ပြီး ပြုံးရင်းပြောလာ၏။
"ညီ အခုလိုမျက်မှန်လေးနဲ့ဆိုတော့ပိုချစ်ဖို့ကောင်းနေသလိုပဲ''
ရဲထွဋ်၏စကားကြောင့် သူရ ပြုံးပြုံးလေးနှင့်
ယံယံကို မျက်ခုံးပင့်ပြ၏။ယံယံကလည်းနှုတ်ခမ်းမဲ့ရင်း ရဲထွဋ် ကို
သူရစကားမပြန်ခင် ယံယံမှ ဦးအောင်အရင်ပြောလိုက်၏။"ဒါပေါ့ လေးလုံးပြူးဇီးကွက်နဲ့ပိုတူတယ်''
အစ်ကိုရဲထွဋ်စကားကို ထောက်ခံကြောင်း လက်မထောင်ပြပြီး သူ့ကိုကျ လျှာထုတ်ပြောင်ပြလာသော ယံယံကြောင့် သူရ မျက်ဖြူလှန်လိုက်မိသည်။
ချစ်သယ်ရင်းကတခြားနေရာမှာသာမတော်ပေမယ့် သူ့အားဖဲ့သည့်နေရာမှာတော့ တော်လွန်းနေခဲ့၏။
ထို့ကြောင့် သူရလည်း လက်ကိုပိုက် ခေါင်းကိုမော့ပြီး ယံယံကို ခပ်တည်တည်ပင် ပြောလိုက်၏။
"လေးလုံးပြူးပြူးငါးလုံးပြူးပြူးကွာ
မင်းထက်ငါချောတာတော့သေချာတယ်''"ဘယ်က ငါကသာပိုချစ်ဖို့ကောင်းတာ
ဟုတ်တယ်မှတ်လား အစ်ကိုရဲထွဋ် ''သူရကိုနိုင်ချင်စိတ်ဖြင့် အကူညီရလိုရငြား
အစ်ကိုရဲထွဋ် ကို ယံယံမေးလိုက်သည်။ရဲထွဋ် မှာသူ့ရှေ့ ငြင်းခုန်နေလေသော သူ၏
ဂျူနီယာ လေးနှစ်ယောက်ကို ပြုံးရင်းကြည့်နေစဥ် သူ့ဘက်လှည့်လာပြီး စစ်ကူတောင်းနေသော ယံယံ၏မျက်ဝန်းကို လေးလေးနက်နက်ကြည့်ပြီး ဖြေလိုက်၏။"ဒါပေါ့ ယံလေးကသိပ်ချစ်စရာကောင်းတာ''
စနောက်ခြင်းဖြင့်သာမေးလိုက်ပေမယ့် ရုပ်တည်ကြီးနဲ့ဖြေချလိုက်သည့်အပြင် သူ့အားစိုက်ကြည့်နေသေးသော ရဲထွဋ် ကို ယံယံ အားနာလာရပြီ။
YOU ARE READING
💖ကိုကိုရဲ့အချစ်ခံလူသား 💖(Complete)
Romanceအချစ်အတွက်ပေးဆပ်ခြင်းဆိုတဲ့စကားစုကသိပ်ကိုလှတာ နောင်တဆိုတဲ့အကျဥ်းတန်တဲ့စကားစုနဲ့ ဘယ်သောအခါမှ နှိုင်းမယှဥ်ရဘူး '' လင်းမြတ်သူရိန် ပထမဆုံးစရေးတာမို့ သည်းခံပြီးဖတ်ပေးပါ🙆🙆🙆 ---------------------------------------------------------------- အခ်စ္အတြက္ေပးဆ...