Uni ver
.
.
.အပြင်မှလေအေးများတဖြူးဖြူးတိုက်ခတ်နေချိန်
အချိန်အားဖြင့် မနက်အစောပိုင်း အလုပ်သွားဖို့ ကျောင်းသွားဖို့ပြင်ဆင်နေချိန်ပေါ့။သို့ပေမဲ့ လွန်ခဲ့တဲ့ နာရီဝက်ကျော်ကျော်က
ရေချိုးခန်းထဲ ဝင်သွားသည့် ကလေးငယ်ဟာဆိုရင်ဖြင့် ခုချိန်ထိပြန်ထွက်မလာသေးတာကြောင့် အဖြစ်သည်းလွန်းသည့် သည်လူသား
သူရိန် မှာတော့ စိုးရိမ်မှုများ အထွဋ်အထိပ်သို့
ရောက်ရှိပြီး ဂဏာမငြိမ် နိုင်တော့ချေ။ဒါကြောင့် ရေချိုးခန်းတံခါးကို
အဆက်မပျက်ထုပြီး ချစ်ရသော ကလေးငယ်ကိုအော်ခေါ်တော့သည်။ဒေါက်....ဒေါက်...ဒေါက်
"""" baby ရေချိုးတာကြာလှချည်လား'''''
""".........'''''
""" baby ကိုယ်ဝင်လာမှာနော်'''''
"""........''''
""""baby....''''
ကျွစ်...
တံခါးဖွင့်ပြီး ထွက်လာသည့် ကလေးငယ်မှာ
တကိုယ်လုံးတုန်ယင်နေပြီး ခေါင်းမှာလည်း
ရေတရွှဲရွှဲနဲ့မို့ သူရိန်မဆူချင်ပေမဲ့ဆူရပြန်သည်။""" မနက်စောစောစီးစီး ဘာလို့ခေါင်းလျှော်ရတာလဲ ဆိုးလိုက်တဲ့ကလေးကွာ
လာ ကိုယ်သုပ်ပေးမယ်'''''""" မလိုဘူး ''''
""" လာပါဆို'''''
""" မလိုဘူးလို့''''
""" အော်..ဒီလူဆိုးလေးတော့'''''
ကိုယ်ကတစ်ခွန်းဆို သူကနှစ်ခွန်းခံပြောတတ်
သော ကောင်ဆိုးလေးကို သူရိန် ဆိုဖာပေါ်တွင် ဖိချကာထိုင်စေလိုက်သည်""" အ့ နာတယ်''''
""" ငြိမ်ငြိမ်နေနော် မဟုတ်ရင် ကိုယ်ကြိုးနဲ့
ချည်ထားမှာ ''''ခြောက်ပြန်တော့လည်းငြိမ်သွားပြန်သည်။
သူရိန် ခေါင်းလုံးလုံးလေးကို သုတ်ပေးနေရင်း မှ ဆံသားလေးများကြား နှာခေါင်းတိုးကာ နမ်းရှိုက်မိသေးသည်။
ချစ်ရသူ၏ကိုယ်သင်းရနံ့ရော ခေါင်းလျှော်ရည်ရနံ့ပါ မွှေးကြိုင်နေတာကြောင့်
စိတ်နှလုံးဟာအလွန်အေးချမ်းလှသည်။
YOU ARE READING
💖ကိုကိုရဲ့အချစ်ခံလူသား 💖(Complete)
Romanceအချစ်အတွက်ပေးဆပ်ခြင်းဆိုတဲ့စကားစုကသိပ်ကိုလှတာ နောင်တဆိုတဲ့အကျဥ်းတန်တဲ့စကားစုနဲ့ ဘယ်သောအခါမှ နှိုင်းမယှဥ်ရဘူး '' လင်းမြတ်သူရိန် ပထမဆုံးစရေးတာမို့ သည်းခံပြီးဖတ်ပေးပါ🙆🙆🙆 ---------------------------------------------------------------- အခ်စ္အတြက္ေပးဆ...