🍎part 53🍎

12.2K 637 25
                                    

Unicode
Zawgyi
.
.
.
.
နောက်တစ်နေ့မနက်ယံယံနိုးထလာချိန်မှာ
ကိုကိုကမရှိပြန်။

သို့သော် ထူးဆန်းတာတစ်ခုကအခန်းထဲသူရရောက်နေတာပဲ။

"နိုးပြီလား ယံယံ မြန်မြန်ရေချိုးတော့
ငါတို့သွားစရာရှိတယ်''

လောလောနဲ့သူရကြောင့် ပတ်ဝန်းကျင်ကို
တစ်ချက်အကဲခတ်လိုက်၏။

"မင်းကဘယ်လိုလုပ်ငါ့အခန်းထဲ​ရောက်နေတာလဲ ကိုကိုရော''

"မြန်မြန်ရေးချိုးတော့ဆို''

သူ့အမေးကိုသူရကမပြန်ပါ။

ထိုအစား သူ့ကိုအိပ်ယာပေါ်ကအတင်းထစေပြီး ရေချိုးခန်းဆီတစ်ခန်းတည်းတွန်းပို့နေ၏။

ဆိုတော့ ယံယံလည်းရေချိုးလိုက်ရုံပေါ့။
.
.
"ရော့ဒါဝတ်''

ရေချိုးပြီးထွက်လာတော့ သူရကခုနလို
လောပြန်သည်။

အနက်ရောင်အနောက်တိုင်းဝတ်စုံကိုမှ
နက်တိုင်မဟုတ်ဘဲ အနက်ရောင်ဖဲပြားပွင့်လေးနဲ့မို့ ယံယံကြောင်တောင်တောင်နှင့်
သူရကိုကြည့်နေမိ၏။

"မြန်မြန်ဆို''

သူရကစိတ်မရှည်ဟန်သူ့ကိုဆွဲရမ်းလုပ်နေတော့ ယံယံလည်းမျက်နှာစူပုတ်လာပြီ။

"အင်းပါ ငါ့ကိုမထိနဲ့ ကိုကိုနဲ့တိုင်မှာ''

ယံယံ့စကားကြောင့် သူရကပခုံးပင့်ပြီးတိုင်ချင်ရာတိုင်ဆိုသည့်ပုံစံနှင့်။

ကိုယ်ဝန်ကြီးနဲ့မို့ ယံယံစိတ်ထိန်းလိုက်ပါသည်။

မဟုတ်ပါက တစ်ပွဲတစ်လမ်းကြီးဆင်နွှဲပါဦးမည်။

အဝတ်တွေအကုန်လဲပြီးပြန်တော့ သူရကအောက်ထပ်ကိုအတင်းဆွဲခေါ်သွားပြန်သည်။

ဟိုရောက်တော့ အစ်ကိုဝေလျှံက အလှဆင်ထားသောအဖြူရောင်ကားတစ်စီးနဲ့စောင့်ကြိုနေ၏။

ကားရှေ့ဖုံးပေါ်ကိုအနီရောင်နှင်းဆီဖက်တွေနဲ့အသည်းပုံစံလုပ်ထားပြီး ကားဘေးပတ်ပတ်လည်ကိုတော့ အဖြူနဲ့အပန်းရောင်နှင်းဆီဖက်တွေကိုရောနှော
သီကုံး၍ရစ်ပတ်ချည်နှောင်ထား၏။

💖ကိုကိုရဲ့အချစ်ခံလူသား 💖(Complete)Where stories live. Discover now