Uni ver
.
.
.
.
"စိုင်းယံသော်!!!''နားထဲစူးနေအောင်ဝင်လာသည့် သူအား
နာမည်အရင်းနှင့်ရင့်သီးစွာအော်သည့်
သူရိန်ကြောင့် ယံယံ သူရိန်ကို မယုံနိုင်စွာကြည့်လိုက်သည်။အမြဲတစေ သူ့ကိုချစ်စဖွယ် ခေါ်တတ်သည့်
သူရိန် သည် ဒီကနေ့ သူအားနာမည်အရင်းနှင့်
ရင့်ရင့်သီးသီးအော်နေတာကြောင့်
ယံယံ မှာ အလွန်စိတ်ဆိုးသွားရသည်။ထို့ကြောင့် ယံယံသည် နန်းသီရိ ကို သူ၏
အနောက်ပို့လေပြီး သူရိန်နှင့်မျက်နှာချင်းဆိုင်လိုက်၏။သူရိန်၏ မျက်ဝန်းမှစီးကျလာသော မျက်ရည်များကို ယံယံတွေ့နေရပေမဲ့ အရေးမစိုက်မိ စိတ်ဆိုးဖို့သာ သိသည်။
"ကိုကို ခုဏကျွန်တော့်ကို ဘယ်လိုခေါ်လိုက်တာလဲ?'''
ယံယံ၏မျက်နှာပေါ်မှဒေါသဖြစ်နေသော
အရိပ်အယောင်များကိုမြင်လိုက်ရတာ
ကြောင့် ပြသနာကြီးမလာစေရန် သူရိန်အတတ်နိုင်ဆုံးစိတ်ကိုထိန်းကာ ချော့ပြော
လိုက်ရသည်။"ကိုယ်စိတ်ဆိုးမိလို့ပါ ကိုယ်တကယ်တောင်းပန်ပါတယ် ကိုယ်နဲ့ပြန်လိုက်ခဲ့နော်''
"မလိုက်ဘူး!! ''
"Baby ဘာလို့လဲ ဘာလို့ ကိုယ့်ကိုအခုလိုလုပ်ရတာလဲ?''
သူနှင့်ပြန်လိုက်ရန် ချော့မြူးကာပြောနေပေမဲ့
သူ့အား ခါးခါးနှင့်ငြင်းဆန်နေသော ယံယံကြောင့် သူရိန် မယုံနိုင်စွာ ပြောရင်းနှင့်ပင် မျက်ရည်များတသွင်သွင်စီးကျနေလေသည်။ယံယံသည်လည်း လုံးဝအလျှော့မပေးသေးချေ။
"ကျွန်တော်က ဘာလုပ်နေလို့လဲ ကိုကို
ဘာတွေတွေးနေတာလဲ ဟမ်?''"ကိုယ်ဘာမှမတွေးပါဘူး ကိုယ်နဲ့ပြန်လိုက်စေချင်တာပါ''
"ဒီမှာအရေးကြီးနေတယ် ကိုကိုမမြင်ဘူးလား? ""
"အရေးကြီးတယ် ဟုတ်လား ကောင်းပြီလေ
ကိုယ်ကားထဲမှာစောင့်နေမယ်''အရေးကြီးသည်ဆိုသော စကားကြောင့်
သူရိန် မှာအတော်လေး ခံရခက်သွားသည်။
ကိုယ့်ချစ်သူထက် တစ်ပါးသူက အရေးကြီးနေသည်တဲ့လား?
သို့ပေမဲ့ သူရိန် စိတ်မဆိုးနိုင် စိတ်ကိုလျှော့ပြီးတော့သာ စောင့်နေမည့်အကြောင်း ဆိုလိုက်လေသည်။
![](https://img.wattpad.com/cover/245489552-288-k132017.jpg)
YOU ARE READING
💖ကိုကိုရဲ့အချစ်ခံလူသား 💖(Complete)
Romanceအချစ်အတွက်ပေးဆပ်ခြင်းဆိုတဲ့စကားစုကသိပ်ကိုလှတာ နောင်တဆိုတဲ့အကျဥ်းတန်တဲ့စကားစုနဲ့ ဘယ်သောအခါမှ နှိုင်းမယှဥ်ရဘူး '' လင်းမြတ်သူရိန် ပထမဆုံးစရေးတာမို့ သည်းခံပြီးဖတ်ပေးပါ🙆🙆🙆 ---------------------------------------------------------------- အခ်စ္အတြက္ေပးဆ...