🍎part 31🍎

18.1K 1.2K 93
                                    

Uni ver
.
.
.
မနက်အစောပိုင်း အေးနေသည်မို့ အိပ်လို့ကောင်းနေ၏။
သို့ပေမယ့် အခန်းထဲဝင်လာပြီးတေးသီဆိုနေသော စာကလေးများကြောင့် ယံယံ အိပ်နေရင်းမှ နိုးလာရသည်။

ထို့အပြင် အပြင်မှတိုက်ခတ်လာသော လေပြင်းများ ကြောင့် ယံယံ ချမ်းစိမ့်စိမ့်ဖြစ်လာရ၏။

ယံယံအိပ်ချင်မူးတူးနဲ လက်ကို ဟိုစမ်းဒီစမ်းလုပ်တော့ ချမ်းမှာပေါ့ ကိုကိုမှမရှိတာပဲ။

ထို့ကြောင့် ယံယံ ခြေထောက်က ဒဏ်ရာကိုပင် မေ့ပြီး ကမန်းကတမ်းထကာ  ချစ်ရသော
ကိုကို ကို အသည်းသန် အော်ခေါ်ပါတော့၏။

"ကိုကို ကိုကိုရေ!''

". ....'''

"ကိုကို.. ကိုကိုရေ!!!''

အကြာကြီးအော်ခေါ်နေပေမယ့် ပြန်သံမကြားတာကြောင့် ယံယံ မျက်ရည်ကျမိရပြီ။

ကမန်းကတမ်းထလိုက်တာကြောင့် ခြေထောက်ကလည်း တစစ်စစ်ကိုက်လာပြီ။

နဂိုကမှ ငိုချင်နေရတဲ့ကြား ခြေထောက်ကပါ
နာလာတာကြောင့် ယံယံ မျက်ဝန်းအိမ်မှ
မျက်ရည်များ တသွင်သွင်စီးပြန်သည်။

ဒီလို နာကျင်ရတဲ့အချိန်ဆို ကိုကိုရင်ခွင်ထဲ
ယံယံ ခိုလှုံချင်သည်။

အခုတော့ အရိပ်အယောင်လုံးဝမတွေ့ရတာကြောင့်ယံယံခေါင်းကိုငုံ့ပြီး ကိုကို့ ကို တကာ
ရှက်ကြီးတငင်ငိုပွဲချတော့၏။

"အီးး ကိုကို..ကိုကိုရေ!!''

တိန်......

ငိုနေရင်း ဓာတ်လှေကားပွင့်သံကြောင့် ယံယံ မျက်ရည်များကို မသုတ်မိပဲခေါင်းကို အမြန်ဆုံးမော့လိုက်သည်။

ဓာတ်လှေကားဖွင့်ဖွင့်ချင်း သူရိန်သည်
မျက်ရည်ရွှဲနေတဲ့ ချစ်ရသူ၏မျက်နှာကို
မြင်လိုက်ရတာကြောင့် အလောတကြီးဖြင့်
ချစ်ရသူအနားသွားပြီး ကိုယ်လုံးလေးကို
ရင်ခွင်ထဲဆွဲသွင်းကာထွေးပွေ့လိုက်သည်။

"ဘာဖြစ်တာလဲ babyရယ်  ခြေထောက်ကနာနေလို့လား?''

"အီးး ကိုကိုမကောင်းဘူး ''

💖ကိုကိုရဲ့အချစ်ခံလူသား 💖(Complete)Where stories live. Discover now