🍎part 16🍎

26.2K 1.7K 96
                                    

Uni ver
.
.
.
.

ယံယံ အိပ်နေရင်း ကြားလိုက်ရသော
ငှက်ကလေးများရဲ့တေးဆိုသံနှင့်
အခန်းထဲဝင်ရောက်လာသည့် နေရောင်ခြည်ကြောင့် မိုးလင်းမှန်းသိလိုက်ရသည်။

ယံယံ မျက်လုံးဖွင့်လိုက်ပြီး
နာရီကိုကြည့်လိုက်တော့ ၁၀နါရီထိုးခါနီးနေပြီ။
သို့ပေမဲ့ ယံယံအိပ်ရေးမဝသလိုခံစားရသည့်အပြင် တကိုယ်လုံးလည်းကိုက်ခဲနေတာကြောင့် ထဖို့ပင် အချိန်ယူရသည်။

ယံယံအခန်းပတ်လည်ကိုဝေ့ပတ်ကြည့်လိုက်တော့ သူရိန်ကိုမတွေ့ရတာကြောင့် စိတ်ပျက်ပျက်နှင့်အိပ်ယာမှငေါက်ခနဲထထိုင်လေသည်။
သို့ပေမဲ့ အောက်ပိုင်းတစ်နေရာကနာကျင်မှုကြောင့် နောက်ပြန်လှန်ကျသည်အထိ
အိပ်ယာပေါ်လက်ထောက်ထားပြီး
စူးခနဲ နာကျင်မှုကြောင့် မျက်ရည်ပါဝဲရလေသည်။

ယံယံ အာရုံများကိုပြန်လည်စုစည်းလိုက်ပြီးသည်နှင့်
ခေါင်းထဲစီစီရီရီပြန်ပေါ်လာသည် ညက
ပုံရိပ်များကြောင့် ရင်ခုန်နေသလိုလို
ရင်တုန်နေသလိုလိုနှင့် ရင်ခုန်သံစည်းချက်များမမှန်တော့ချေ။

ကိုယ်ကသာ တချိန်ချိန်အပစ်ပယ်ခွာရမှာစိုးတာကြောင့် ကိုယ့်ရင်ခုန်သံကို
အကြိမ်ကြိမ်ခါခါလိမ်ညာခဲ့ပေမဲ့ ခုချိန်များမှာတော့ တလောကလုံးကလက်ညိုးထိုးရင်တောင် ယံယံမမှုချေ။
ကိုကိုလက်ကိုမြဲမြဲကိုင်ထားပြီး အရာရာကို
ရင်ဆင်ဖို့ ယံယံမှာသတ္တိအပြည့်ရှိနေလေပြီ။

ယံယံသူ့ကိုယ်ပေါ်က သူရိန်ပေးထားသော
အချစ်အမှတ်အသားများကိုကြည့်ပြီး
ပြုံးလိုက်လေသည်။

ထိုစဥ်ကြားလိုက်ရသောတံခါးဖွင့်သံကြောင့်
ယံယံအိပ်ယာပေါ်ပြန်လဲချပြီး စောင်ကိုခေါင်းအထိတစ်ကိုယ်လုံးခြုံလိုက်လေသည်။

အခန်းထဲဝင်လာသော သူရိန်သည် လက်မှာလည်းအငွေ့တထောင်းထောင်းနှင့် ယံယံစားဖို့မနက်စာပါလာလေသည်။

သူရိန်အိပ်ယာပေါ်လှမ်းကြည့်လိုက်စဥ်
တကိုယ်လုံးစောင်ပတ်ထားသည့်
ယံယံကြောင့် ပြုံးမိရကာစားပွဲပေါ်ဗန်းကိုချထားလိုက်သည်။

💖ကိုကိုရဲ့အချစ်ခံလူသား 💖(Complete)Where stories live. Discover now