🍎part 12🍎

24.9K 1.9K 69
                                    

Uni ver
.
.
.

နောက်တစ်နေ့မနက်အစောပိုင်း

သူရိန် သည် ဝေလျှံ ပို့လာသည့်အစည်းအဝေးရှိသည်ဆိုသည့်message​ကြောင့်မထချင်လည်းထရပြန်သည်။

သူရိန် သည်အေးအေးချမ်းချမ်းဖြင့်အိပ်ပျော်
သော ချစ်ရသူနဖူးလေးကို ကြင်နာစွာ
နမ်းကာ အောက်သို့လျှောကျနေသောစောင်ကို ဂျိုင်းအထိဆွဲခြုံပေးလိုက်သည်။

ပြီးသည်နှင့် ရေမိုးချိုးပြီး အလုပ်သွားဖို့
ပြင်ဆင်နေသည်။

သူရိန် ချစ်ရသူအားကိုယ်တိုင်ထမင်းခွံ့ချင်ပေမဲ့ မတတ်သာသည့်အစည်းအဝေးကြောင့်
ထွက်လာရသည်။

သို့ပေမဲ့ ချစ်ရသူနိုးလာရင် လဲဝတ်မည့်
အဝတ်အစားများနှင့်အသုံးအဆောင်များကို
အဆင်သင့်ပြင်ထားပြီးသားပင်။

သို့သော် သူမသိခဲ့တာတစ်ခုက ချစ်ရသော
ကလေးမှာ သူမရှိရင် ဘာမှမလုပ်တတ်ဆိုတာကိုပင်။

သူရိန် အောက်ကိုဆင်းလာပြီး ကြီးချိုကို
တစ်ဦးတည်းသောသူအတွက်မှာတမ်းခြွေတော့သည်။

""" ကြီးချို ၈နာရီကျရင် baby ကို
သွားနိုးပေးပါ baby စားဖို့အတွက် ရောအားလုံးပြင်ထားပေးပါ''''

""" အင်း အင် သား''''

""" baby မေးလာရင်လည်း ကျွန်တော် meeting ရှိနေတယ်လို့ပြောလိုက်'''

"" အင်း ကြီးချိုပြောလိုက်မယ်'''

သူရိန် မှာတမ်းခြွေပြီးသည်နှင့်ထွက်လာတော့သည်။

သို့ပေမဲ့ တံခါးထောင့်တစ်နေရာတွင်လက်ပိုက်ပြီးနှုတ်ခမ်း မှ မဲ့ပြုံးပန်ဆင်သော မေမဒီကိုတော့ဖြင့် သူရိန်ရော ကြီးချိုပါသတိမထားမိခဲ့ချေ။

.

မနက် ၈ နာရီ

ဒေါက်...ဒေါက်..ဒေါက်

""" သားငယ်.. သားငယ်ရေ''''

ယံယံ မှာအိပ်လို့ကောင်းနေတုန်း တံခါးခေါက်သံနှင့်အတူ အပြင်မှကြီးကြီးချို၏အသံကြောင့် ခေါင်းမွေးစုတ်ဖွာနှင့် ထထိုင်လိုက်သည်။

အနားကိုကြည့်လိုက်တော့မှ ကိုကို မရှိတာကို
ယံယံ သိရသည်။

💖ကိုကိုရဲ့အချစ်ခံလူသား 💖(Complete)Where stories live. Discover now