🍎part 21🍎

20.5K 1.4K 88
                                    

Uni ver
.
.
.
အချိန်ကား မနက်မိုးသောက်ယံအချိန်ဖြစ်နေ
​သည်မို့ ပတ်ဝန်းကျင်တစ်ခုလုံးဟာ  တိတ်ဆိတ်နေပြီး ဆူညံသံတစိုးတစိမှပင် မကြားရချေ။

အခန်းရှိပြတင်းပေါက်များအားဖွင့်ထားသည်မို့ အပြင်မှမတရားဝင်ရောက်တိုက်ခတ်လာသောလေအေးများကြောင့် လိုက်ကာများဟာ တလွင့်လွင့်။

လေအေးကြောင့် ချမ်းသည်မထင်ပါနှင့်။

နဂါးတစ်ကောင်သဖွယ် ရစ်ပတ်ထွေးဖက်ထားတတ်သော ရင်ခွင်ကျယ်ကြောင့် ချမ်းသည်ဆိုပြီး ကိုယ့်နှုတ်ခမ်းဖျားက ​ရေရွတ်နေစရာမလို။

မျက်လုံးကိုဖွဖွဖွင့်သည်နှင့် ဦးစွာမြင်ရသော
မီးရောင်ဖျော့ဖျော့အောက်မှာအိပ်စက်နေသော လူသားသည်နတ်သားတစ်ပါးသဖွယ်ချောသည်ထက် ခန့်ညားလွန်းသည်ဆို ပိုမှန်နေလိမ့်မည်။

ယံယံ အိပ်ပျော်နေသော လူသား၏နဖူးအား
ကြင်နာစွာ အနမ်းခြွေလိုက်သည်။

ပြီးသည်နှင့် ထမည်အလုပ်မှာ  သူ့အား ထွေးဖက်ထားတဲ့လက်မောင်းတစ်စုံဟာ ပိုပြင်
တင်းကျပ်လာနေသလိုလို။

ရုန်းလေပိုတင်းဖက်လာလေမို့ လူလည်း မောနေလေပြီ။

ထို့ကြောင့် ယံယံ သူ့အားအတင်းထွေးဖက်ထားသော သူရိန် ၏ လက်မောင်းနှစ်ဖက်ကိုချွန်ထက်နေသော လက်သည်းဖြင့် အားပါပါဆွဲဆိတ်လိုက်၏။

ထိုအခါ လှုပ်လာပြီး တိုးလျလျဆိုလာသော
ယံယံ ချစ်ရသော ကိုကို

""ငြိမ်ငြိမ်နေကွာ ကိုယ်အိပ်ရေးမဝသေးဘူး'''

အိပ်ရေးမဝလို့ဆိုတော့မှ ယံယံနှာခေါင်းရှုံ့ရချေ၏။

အိပ်ရေးဘယ်ဝပါမည်တုန်း ကိုယ့်နှုတ်ခမ်းကို
စားစရာမှတ်နေသည်လားထင်။

ညကတော်ရုံနဲ့ မအိပ်ပဲ ယံယံနှုတ်ခမ်းကို နမ်းရှိုက်လိုက် အနားယူလိုက်နဲ့
သူရိန်မှာအလုပ်ရှုပ်နေလေသည်။
ခုများတော့ဖြင့် အိပ်ချင်မူးတူး နှင့် စကားတောင်ပီအောင်မပြောနိုင်။

သို့ပေမဲ့လည်း သူရိန်၏အနမ်းတွေအောက်
ယံယံ ရူးမတတ်သာယာမိသည်။
သူရိနပေးသမျှ သာယာမှုနဲ့နာကျင်မှုတွေကိုလည်း ယံယံအသက်ထက်ပင် တန်ဖိုးထားပြီး
အမှတ်ရနေတတ်သည်။

💖ကိုကိုရဲ့အချစ်ခံလူသား 💖(Complete)Where stories live. Discover now