Unicode
Zawgyi
..
..
.
.
အချိန်ကမျက်စိတစ်မှိတ်အတွင်းကုန်ဆုံးသွားတာ အခု ယံယံတို့ရဲ့နောက်ဆုံးစာမေးပွဲပြီးသည်အထိ။ဆိုတော့ ကိုယ်ဝန်ကရှစ်လကျော်နေပြီ။
ဒီကြားထဲ အားလုံးကဝိုင်းဂရုစိုက်ပေးကြပြီး သူရကလည်းစာကူကျက်ပေးသေးသည်။
ကိုယ်ဝန်ကတဖြည်းဖြည်းနဲ့လပိုရင့်လာတာကြောင့် ကိုကို ဆိုယံယံ့ကိုဘာအလုပ်မှမလုပ်ခိုင်းတော့။
Order လက်မခံတာလည်းလေးလရှိနေပြီ။
ဒေါ်လေးနဲ့လည်းအရမ်းကြီးမဟုတ်သေးပေမယ့် နည်းနည်းတော့ပြန်အဆင်သွားပြီ။
သို့သော်တစ်ချိန်ကယံယံ့အပေါ်အပြစ်လုပ်ထားဖူးတဲ့ဒေါ်လေးက ယံယံရှေ့ကိုအမြဲခေါင်းငုံ့နေတတ်၏။
ဗိုက်ရင့်ကြီးနဲ့ယံယံ့ကိုကျောင်းကလူတွေမြင်တော့ပါးစပ်အဟောင်းသားနဲ့ကိုဖြစ်လို့။
ဒီတော့သူတို့တစ်ချိန်လုံးယံယံကိုစိတ်ဒုက္ခပေးခဲ့တဲ့အချိန်တန်ရင်ပြတ်မှာပဲဆိုတဲ့စကားကို ယံယံကကျော်ဖြတ်နိုင်ခဲ့တော့
တချို့တွေဆိုယံယံ့ကိုလာရောက်တောင်းပန်သည်အထိ။ဗိုက်ကြီးနဲ့မို့ သီးသန့်ခန်းထဲ ဆရာမတစ်ယောက်နဲ့သီးသန့်စာဖြေနေရသည်။
ဖြေပြီးပြီဆိုတာနဲ့ ကိုကိုက အမြဲပွေ့ချီပြီး
ဒီပုံစံအတိုင်းချီလျက်သားနှင့်အိမ်တော်ကိုပြန်ခေါ်သွားတာနေ့တိုင်းပင်။Markကတော့ ယံယံတို့ကို နေ့တိုင်းအကြိုအပို့လုပ်ပေးရတာပေါ့။
ကျောင်းမှအိမ်တော်ကိုပြန်ရောက်တာနဲ့
ယံယံသောက်ချင်တဲ့ဖျော်ရည်တစ်ခုကအမြဲကြိုနေတတ်သည်။ဥပမာ အုန်းစိမ်းရည်။
"ဒီတစ်ပတ်အတွင်း သမီးမေမဒီရောက်လာလိမ့်မယ်''
ယံယံအုန်းစိမ်းရည်သောက်နေစဥ်မေမေကြီးကပြောလိုက်ခြင်းဖြစ်သည်။
ယံယံအခုတလောကျောပြင်အော့လိုက်
ရင်ခေါင်းတောင့်လိုက်နဲ့မို့နေရထိုင်ရတာအဆင်သိပ်မပြေပါ။ကိုယ်တိုင်ကြုံဖူးတော့မှ မိခင်တွေရဲ့မေတ္တာတရားကိုပိုနားလည်သွားမိသည်။
YOU ARE READING
💖ကိုကိုရဲ့အချစ်ခံလူသား 💖(Complete)
Romanceအချစ်အတွက်ပေးဆပ်ခြင်းဆိုတဲ့စကားစုကသိပ်ကိုလှတာ နောင်တဆိုတဲ့အကျဥ်းတန်တဲ့စကားစုနဲ့ ဘယ်သောအခါမှ နှိုင်းမယှဥ်ရဘူး '' လင်းမြတ်သူရိန် ပထမဆုံးစရေးတာမို့ သည်းခံပြီးဖတ်ပေးပါ🙆🙆🙆 ---------------------------------------------------------------- အခ်စ္အတြက္ေပးဆ...