Unicode
Zawgyi
.
.
.
.
ဒီနေ့ဟာ သူရတို့စင်ကာပူကပြန်ရောက်တာတစ်ပတ်ပြည့်နေပြီဖြစ်တဲ့အပြင် ယံယံ
ရဲ့ Hotel ဖွင့်ပွဲလည်းဖြစ်သည်။Hotel သို့အလုပ်လာလျှောက်ကြသောဝန်ထမ်းများကလည်းမနည်းမနော။
မွေးရပ်ဇာတိဖြစ်နေသည့်အပြင်ဆက်ဆံရေးလည်းကောင်းမွန်သူမို့ ပထမဆုံးတွေ့ဆုံပွဲမှာပင် ဝန်ထမ်းများနဲ့ ရင်းနှီးခင်မင်မှုရရှိသွားသည်အထိ။
သိကျွမ်းဝင်သောလူနည်းစုကိုသာဖိတ်ကြားထားပြီး မနက်၈နာရီမှစသော
ဖွင့်ပွဲကြီးဟာ ၉နာရီခွဲကျော်သောအခါ အောင်မြင်စွာ ပြီးဆုံးသွားခဲ့သည်။ယံယံမွေးရပ်မြေကိုပြန်ရောက်တာဒီနေ့နဲ့ဆို ၅ရက်ရှိနေပြီ။
သူရနဲ့ အစ်ကိုဝေလျှံ ကိုသာအဖော်ခေါ်ခဲ့ပြီး ကိုကို့ ကိုတော့ မနည်းချော့လိုက်ရ၏။
ယံယံအတွက်နဲ့ ကိုကိုအလုပ်တွေပျက်ကွက်ခဲ့တာအကြိမ်ပေါင်းမနည်းပါ။
ထို့ကြောင့်လည်း စိတ်မပူစေရန်ယံယံမှာ ကိုကို့ ကိုအတော်လေးချော့လိုက်ရသည်။
ယံယံနဲ့ဝေးရင်တစ်စက္ကန့်လေးတောင်မနေတတ်တဲ့ ကိုကိုက တစ်ရက်ကိုဖုန်းအခါပေါင်းမနည်းခေါ်ဆိုတတ်သည်။
ယံယံအတွက်တော့ ကိုကို့အသံက
ဘာနဲ့မှမလဲနိုင်တဲ့အားဆေးမို့ ကိုကိုအသံကြားလိုက်ရသည်နှင့် ယံယံရဲ့လေးလံနေသောစိတ်က ချက်ချင်းကိုပေါ့ပါးလန်းဆန်းသွားသည်။ဆိုးတာက သူရပါပဲ။
ဖုန်းမကြည့်ရဆို ခိုးခိုးကြည့်တတ်သည်။
အစ်ကိုမိုးယံဖုန်းဆက်လို့အကျိုးကြောင်းမေးလာရင်ယံယံမှာကြားကအကုသိုလ်ယူပြီး သူရအတွက်လိမ်ပေးရသည်။
အစ်ကိုဝေလျှံကတော့ တစ်ယောက်တည်းသမားမို့ ဘယ်အချိန်ကြည့်ကြည့်တက်ကြွနေပြီး သွက်လက်ထက်မြက်သည်။
ယံယံတောင်ပေါ်Hotel အခန်းကနေ အောက်ရှုခင်းတွေကိုလှမ်းကြည့်ရင်း ငယ်ငယ်တုန်းကပုံရိပ်များကိုပြန်မြင်ယောင်လာပြန်သည်။
တစ်ချိန်တုန်းကတန်ဖိုးရှိခဲ့ပေမယ့် ယခုအချိန်မှာ အိမ်သာသုံးစက္ကူလောက်သာတန်ဖိုးမရှိတော့တဲ့ပုံရိပ်တွေမို့ ယံယံခေါင်းကို ခါပြီးနောက်ထပ်ပြန်မမြင်ယောင်မိစေရန်သတိထားနေလိုက်၏။
YOU ARE READING
💖ကိုကိုရဲ့အချစ်ခံလူသား 💖(Complete)
Romanceအချစ်အတွက်ပေးဆပ်ခြင်းဆိုတဲ့စကားစုကသိပ်ကိုလှတာ နောင်တဆိုတဲ့အကျဥ်းတန်တဲ့စကားစုနဲ့ ဘယ်သောအခါမှ နှိုင်းမယှဥ်ရဘူး '' လင်းမြတ်သူရိန် ပထမဆုံးစရေးတာမို့ သည်းခံပြီးဖတ်ပေးပါ🙆🙆🙆 ---------------------------------------------------------------- အခ်စ္အတြက္ေပးဆ...