Uni ver
.
.
.
.
ဒီနေ့ တရားရုံးကပြစ်မှုအတွက်အမိန့်ချမည့်နေ့မို့ သူရိန် ပြင်ဆင်နေခြင်းဖြစ်သည်။အနီရောင်ရှပ်အင်္ကျီလက်ရှည်ကိုတံထောင်အထိပြန်ခေါက်ထားပြီး အနက်ရောင် စတိုင်ဘောင်းဘီရှည်နဲ့တွဲဖက်ကာဝတ်ဆင်ထား၏။
အဖြူရောင်အသားအရေကိုပိုင်ဆိုင်ထားသည့်အပြင် အရပ်ကပါ ရှည်နေသည်မို့ နတ်သားတစ်ပါး အလား ချောမောတင့်တယ်လွန်းနေ၏။
အနက်ရောင်နာရီကိုလက်ကောက်ဝတ်
မှာပတ်ရင်း အိပ်ယာကို သူရိန်လှမ်းကြည့်လိုက်၏။အရုပ်တစ်ရုပ်ချထားသည့်အလား အိပ်ယာပေါ် မလှုပ်မယှက်နဲ့ငြိမ်သက်စွာထိုင်နေသော
ကောင်လေးသည် လိုတာထက်မျက်နှာကို
စူပုတ်ထား၏။နာရီဝတ်ပြီး ခေါင်းဖြီးကို ယူကာဆံသားကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ဖြီးနေချိန်မှာ အခန်းတစ်ခုလုံးကို လွှမ်းမိုးသွားသော ချစ်ရသူလေး၏အော်သံ။
"အဲ့လောက်ပြင်နေတာ ဘယ်သူ့ကိုသွားပြီး
ဖွန်ကြောင်မလို့လဲ!? ""အော်သံကကျယ်လွန်းပေမယ့် သူရိန် ပြုံးရင်းနဲ့သာ ခံယူလိုက်သည် ။
ကိုယ်ကတရားရုံးသွားမည်ဆိုသောကြောင့်
သူလေးလည်း လိုက်ပါရစေဆိုလာ၏။သို့သော် ကိုယ့်အတွက်သူလေးက ကလေးတစ်ယောက်သာသာမို့ ထို့သို့သော နေရာများကို လုံးဝခေါ်မသွားချင်ပါ။
အိမ်မှာပဲနေရမယ်ကိုယ်ကပြောတော့ ငြိုငြင်တာလားဆိုပြီး မျက်နှာကြီးကို မတရားစူပုတ်ထားလေ၏။
သူရိန်အားလုံးပြင်ဆင်ပြီးသည်နှင့် အိပ်ယာဆီကိုခြေလှမ်းလိုက်ပြီး ငုတ်တုတ်ထိုင်နေသော ချစ်ရသူလေးအနားဝင်ထိုင်လိုက်၏။
မျက်နှာကို သူနဲ့ဆန့်ကျင်ဘက်လှည့်လိုက်တာကြောင့် သူပြုံးရင်းဖြင့် ချစ်ရသူလေး၏ပခုံးကိုဖက်ပြီးမေ့ဖျားကိုပင့်ကာလျက် သူ့ဘက်မျက်နှာလှည့်လာစေ၏။
"ကိုယ့်ကိုစိတ်ဆိုးနေတာလား baby? ""
"မဆိုးဘူး ပျော်နေတာ ဟီး ဟီး''
YOU ARE READING
💖ကိုကိုရဲ့အချစ်ခံလူသား 💖(Complete)
Romanceအချစ်အတွက်ပေးဆပ်ခြင်းဆိုတဲ့စကားစုကသိပ်ကိုလှတာ နောင်တဆိုတဲ့အကျဥ်းတန်တဲ့စကားစုနဲ့ ဘယ်သောအခါမှ နှိုင်းမယှဥ်ရဘူး '' လင်းမြတ်သူရိန် ပထမဆုံးစရေးတာမို့ သည်းခံပြီးဖတ်ပေးပါ🙆🙆🙆 ---------------------------------------------------------------- အခ်စ္အတြက္ေပးဆ...