Unicode
Zawgyi
.
.
.
"အစ်ကို ကျွန်တော်ယံယံ့ဆီသွားလည်ချင်တယ်''အလုပ်သွားဖို့အဆင်သင့်ဖြစ်နေပြီသော
အစ်ကိုမိုးယံ ကို သူရခွင့်တောင်းလိုက်၏။ဒီအတိုင်းနေရတာတကယ်ပျင်းဖို့ကောင်းသည်။
အရင်လိုတစ်နေကုန်ထိုင်ပြီး Game ဆော့ချင်ပေမယ့် မျက်လုံးအခြေနေအရလုံးဝ
မရ။ခဏလေးဖုန်းကြည့်မိတာတောင်အစ်ကိုကဆူတတ်သေးသည်။
ယံယံကသူနဲ့အတူတူလင်းကုမ္ပဏီလာပြီးအလုပ်ဆင်းဖို့ပြောနေပေမယ့် အစ်ကိုကလုံးဝခွင့်မပြုပါ။
မျက်လုံးခွဲစိတ်ဖူးတဲ့သူက ကွန်ပျူတာရှေ့ငုတ်တုတ်ထိုင်လုပ်ရတဲ့အလုပ်မျိုးမလုပ်သင့်ဘူးမှတ်လား?
ဒါ့ကြောင့် ခွင့်တောင်းမိတာတောင် ကိုယ့်ကျန်းမာရေးအကြောင်းကိုယ်သိသင့်တယ်ဆိုပြီး အစ်ကို့ဆီကအဆူခံလိုက်ရတာပဲအဖတ်တင်သည်။
"အိမ်မှာနေရတာပျင်းနေပြီလား ?''
အစ်ကိုကသူ့ခေါင်းကိုတစ်ချက်ဖွာပြီးမေးတော့ သူခေါင်းညိတ်ပြသည်။
"ဒါပေါ့ တစ်ချိန်လုံးခြံထဲကတောင်မထွက်ရတာ''
"ဟုတ်ပြီကွာ အဆိုးလေးသဘော လာ''
သူ့လက်ကလေးတစ်ဖက်ကိုတင်းတင်းဆုပ်ကိုင်လျက် ရှေ့မှအစ်ကို့ခြေလှမ်းကိုသူအမှီလိုက်ရသည်။
"ကိုယ့်ကိုကတိပေးမလား မဟုတ်တာမစားပါဘူး ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ပါ့မယ်လို့လေ''
ကားပေါ်ရောက်သူ့အားခါးပတ် ပတ်ပေးပြီးအစ်ကိုကထိုသို့ပြောလာတော့ သူနှာခေါင်းရှုံ့မိ၏။
"အစ်ကိုတော့ ပိုပြီကွာ ယံယံဆီပဲသွားမှာလေ မသိရင်အဝေးကြီးသွားမှာကျ''
နှုတ်ခမ်းစူလျက်သူပွစိပွစိပြောတော့ အစ်ကိုက ခပ်ဖွဖွလေးရယ်သည်။
"နီးနီးဝေးဝေးလေကွာ တစ်စက္ကန့်လေးသတိလွတ်သွားရင်တောင် မဖြစ်ဘူး ''
သဘောပေါက်စေရန်အလို့ငှာ နဖူးလေးကိုသူတစ်ချက်နမ်းပြီးချော့မော့ကာပြောတော့ နဂါးမျက်စောင်းလေးတစ်ခုကသူ့ဆီအလိုလိုကျရောက်လာသည်။
YOU ARE READING
💖ကိုကိုရဲ့အချစ်ခံလူသား 💖(Complete)
Romanceအချစ်အတွက်ပေးဆပ်ခြင်းဆိုတဲ့စကားစုကသိပ်ကိုလှတာ နောင်တဆိုတဲ့အကျဥ်းတန်တဲ့စကားစုနဲ့ ဘယ်သောအခါမှ နှိုင်းမယှဥ်ရဘူး '' လင်းမြတ်သူရိန် ပထမဆုံးစရေးတာမို့ သည်းခံပြီးဖတ်ပေးပါ🙆🙆🙆 ---------------------------------------------------------------- အခ်စ္အတြက္ေပးဆ...