Unicode
Zawgyi
..............
.
.
ညနေ၅နာရီအချိန်ဖြစ်၏။ကုမ္ပဏီမှာကတည်းကတငိုငိုတရီရီနဲ့ကောင်ပေါက်လေးဟာ အိမ်ရောက်သည်အထိအငိုမတိတ်သေးပင်။
တစ်ချက်တစ်ချက် သက်ပြင်းချလိုက် ရှိုက်ငိုလိုက်နဲ့မို့ မျက်လုံးနှစ်ဖက်လုံးဟာဖောင်းအိနေပြီး နှာခေါင်းထိပ်ကလည်းနီရဲနေလေပြီ။
ဘာကျွေးကျွေးမစားသည့်အပြင် အပြုံးအရယ်မရှိ အသက်မပါသောမျက်လုံးလေးနှင့်အခန်းပြတင်းပေါက်ရဲ့အပြင်ဘက်ကို ငြိမ်သက်စွာငေးကြည့်နေ၏။
ခေါ်လည်းမထူ အသံပေးလည်းလှည့်မကြည့် မလှုပ်မယှက်နဲ့အပြင်ကိုမတ်တပ်ရပ်သား
ငေးနေသော ကောင်ပေါက်လေးကို နောက်ကျောကနေ သူရိန် နွေးထွေးစွာ ထွေးပွေ့လိုက်မိသည်။"baby ကိုယ့်ကိုကြည့်ဦးလေကွာ''
နားထင်ကိုဖွဖွလေးနမ်းပြီး ပြောလိုက်တော့
ကောင်ပေါက်လေးက သက်ပြင်းချနေ၏။ဆိုတော့ သူရိန်ကပဲအလိုက်သင့်စွာကောင်ပေါက်လေးကိုပိုထွေးဖက်ပြီးပခုံးပေါ်မေးတင်ကာ ဘေးတစောင်းပေါ်နေသော မျက်နှာလေးကို ကြည့်နေလိုက်သည် ။
အမြဲတမ်းပြုံးရယ်နေသောမျက်နှာလေးကိုသာမြင်ရပါများတော့ သည်လို အသက်မဲ့သော မျက်နှာလေးက သူရိန် အတွက်တော့
ရင်ဘတ်တစ်ခုလုံး ဓားမွှန်းခံရသလိုပါပဲ။ရူးလောက်အောင်ချစ်နေရသူမို့ ကောင်ပေါက်လေးရဲ့မလှုက်မယှက်ငြိမ်သက်မှုဟာ
သူရိန်အတွက်တော့ အသက်ရှူလိုက်ရင်တောင် ရင်ဘတ်ကအောင့်နေရသည်။ထို့ကြောင့်လည်း ပါးပြင်မို့မို့လေးကို နှာခေါင်းနစ်ဝင်သည်အထိ သူတစ်ချက်နမ်းပြီး ကောင်ပေါက်လေးကိုမျက်နှာချင်းဆိုင်ဆွဲလှည့်ကာမေးလိုက်၏။
"ကိုယ့်ကိုကြည့် baby စိတ်ချမ်းသာအောင်ကိုယ်ဘာလုပ်ပေးရမလဲ ပြောပါဦး ဘာဖြစ်ချင်လဲ? ""
မေးလိုက်တော့ မော့ကြည့်လာသောမျက်ဝန်းလေးဟာ အရောင်မရှိ စကားပြောချင်စိတ်မရှိသောပုံဖြင့် ခေါင်းကိုဖြည်းဖြည်းမဆိုသလောက်လေးသာ ခါပြလာ၏။
YOU ARE READING
💖ကိုကိုရဲ့အချစ်ခံလူသား 💖(Complete)
Romanceအချစ်အတွက်ပေးဆပ်ခြင်းဆိုတဲ့စကားစုကသိပ်ကိုလှတာ နောင်တဆိုတဲ့အကျဥ်းတန်တဲ့စကားစုနဲ့ ဘယ်သောအခါမှ နှိုင်းမယှဥ်ရဘူး '' လင်းမြတ်သူရိန် ပထမဆုံးစရေးတာမို့ သည်းခံပြီးဖတ်ပေးပါ🙆🙆🙆 ---------------------------------------------------------------- အခ်စ္အတြက္ေပးဆ...