🍎part 18🍎

23.8K 1.6K 163
                                    

Uni ver
.
.
.
ညနေအချိန်အားဖြင့် ယံယံ၏ကျောင်းဆင်းချိန်

သူရိန် ယံယံ၏ကျောင်းရောက်သည်နှင့်
ကားပေါ်မှဆင်းဆင်းချင်းမျက်စိရှေ့မှမြင်နေရသော လူမြင်ကွင်းမှာ သူရနှင့်နပန်းသတ်နေသော ချစ်ရသူကြောင့် အံ့သြထိတ်လန့်စွာ
ဖြင့်

""" baby!!!!!"""

""" အဆိုးလေး!!!'''

တချိန်တည်းမှာပင် မိုးယံလည်းရောက်ချလာသောကြောင့် ကျယ်လောင်သောအသံနှစ်ခုသည် ရုတ်ချည်းပင် ဟိန်းထွက်လာလေသည်။

ယံယံသည် သူရိန် အသံကြားသည်နှင့်
မီးစွဲသွားသည့်ဖယောင်းတိုင်လိုပျော့ခွေသွားကာ ငိုကြီးချတော့သည်။

""" ကိုကို!!! အီးး ဟီးး''''

သူရိန်လည်း ငိုကြီးချနေသော
ယံယံအနားအပြေးလေးသွားကာ ကိုယ်လုံးလေးအားထွေးပွေ့ကာချော့မြူတော့သည်။

"" မငိုရဘူးလေကွာ ခေါင်းကိုက်နေမယ်'''

"" ကိုကို အဟင့် ..ဟင့်

"" ဟောကွာ မငိုရဘူးလေ ''''

"" ကျွန်တော့်ကိုနိုင်ကျင့်နေတယ်  ကိုကိုရယ်'''

""ဟုတ်ပါ့ကွာ ကိုယ့်ကလေးကို လုပ်ရက်တယ်'''

"" ကိုကို အဟင့်...အိမ်ပြန်ချင်တယ်'''

""ဟုတ်ပြီ ဟုတ်ပြီ ပြန်ကြမယ်နော်''''

"" ဟုတ် ကိုကို ချီ''''

""" ချီရမှာပေါ့ဗျာ ကိုယ့်အသက်လေးကို'''

သူရိန် သူ့အားမျက်ရည်များနှင့်လက်ဆန့်လာပြီး ချီရန်ပြောလာသောချစ်ရသူကို
ယုယုယယလေးပွေ့ချီကာ အငိုတိတ်စေရန်လည်း ချော့မြူရပြန်သည်။

သူရမှာတော့ သူရိန်အား ချွဲနေသောယံယံကို
ပိုရလေခြင်းဆိုကာ နှာခေါင်းရှုံ့နေလေသည်။
.
.
သူရိန်သည် အိမ်အပြန်လမ်းတစ်လျှောက်မှာလည်း သူ့အားတင်းတင်းဖက်ပြီး နည်းနည်းမှအခွာမခံသောချစ်ရသူကြောင့် သူရိန်လည်း တင်းတင်းပြန်ထွေ့ပွေ့ပြီး ကျောပြင်လေးအား ဖွဖွလေးပွတ်ကာစိတ်လျှော့စေလိုက်လေသည်။

💖ကိုကိုရဲ့အချစ်ခံလူသား 💖(Complete)Where stories live. Discover now