🍎part 55🍎

13.5K 624 11
                                    

Unicode
Zawgyi
.
.
.
ယံယံတို့အိမ်​တော်ကိုပြန်ရောက်နေပြီ။

ဆေးရုံမှာ၅ရက်လောက်ကြာခဲ့ပြီးမှသာ
အစ်မမေမဒီကဆင်းခွင့်ပေးသည်။

အစ်မမေမဒီကလည်းခွင့်ရက်နဲ့ပြန်လာသူမို့ ယံယံတို့ဆေးရုံမဆင်းခင်ညကတည်းက
US ပြန်နှင့်နေပြီ။

အခုသားသားလေးကငါးရက်သားလေးပေါ့။

မျက်လုံးလည်းဖွင့်စပြုနေပြီဟိုဟိုဒီဒီလည်းစူးစမ်းတတ်လာပြီ။

အများအားဖြင့်အိပ်နေပြီးဖင်ကလေးစိုသွားရင်တော့ ဗြဲလန်နေအောင်အော်ငိုတတ်၏။

ဗိုက်ဆာရင်လည်းအော်ငိုတတ်သလို
အိပ်နေတဲ့အချိန်သွားနှိုးလိုက်ရင်လည်း
အော်ငိုတတ်ပြန်သည်။

အခုမှငါးရက်သားဆိုပေမယ့် သူ့တစ်ယောက်တည်းကိုပုခက်ထဲသိပ်ရင်လုံးဝမအိပ်ဘဲ စိတ်ဆိုးဆိုးနဲ့ငိုလိုက်တာများအသံပျောက်သည်အထိ။

ဖေဖေနှစ်ယောက်ကြားသိပ်မှသာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်တတ်သည်။

သို့သော် နှစ်နာရီခြားတစ်ခါ ထပြီးနို့တိုက်ရသည်။

ပိုက်ဆံတတ်နိုင်တဲ့သူတိုင်း သားအိမ်အတုနဲ့ကလေးမွေးနိုင်ပေမယ့် နို့​က​တော့ထွက်နိုင်မှာမဟုတ်ပါ။

ဒီတော့ နို့မှုန့်ကိုသာ အားကိုးရသည်။

အခု သားသားလေးကယံယံတို့ကုတင်ပေါ်
နှစ်ခြိုက်စွာအိပ်ပျော်နေချိန်မို့ ယံယံတစ်ယောက်တည်း ဆိုဖာပေါ်ငုတ်တုတ်ထိုင်ပြီး ယံယံစားဖို့သွားယူပေးနေတဲ့ ကိုကို့ ကိုထိုင်စောင့်ခြင်းဖြစ်သည်။

"လာပြီ Babyလေး''

တံခါးဖွင့်သံနဲ့အတူ ဝင်လာသော ကိုကို။

ယံယံဒီနေ့ကြေးအိုး​အရမ်းသောက်ချင်မိတာကြောင့် ကိုကို့ ကိုအပူကပ်လိုက်ခြင်းဖြစ်သည်။

ကိုကိုယူလာပေးတဲ့ကြေးအိုးက အများကြီးမို့ လူနှစ်ယောက်သုံးယောက်တောင်သောက်လို့ရသည်။

မေမေကြီးကတော့ ယံယံခံတွင်းမပျက်စေရန်အတွက် အမြဲအသီးတစ်ခုခုကျွေးတတ်တာမို့ ခဏနေ မေမေကြီးရောက်လာပါလိမ့်မည်။

💖ကိုကိုရဲ့အချစ်ခံလူသား 💖(Complete)Where stories live. Discover now