Uni ver
.
.
.
"မနက်ဖြန်မေမေနဲ့အိမ်ကိုပြန်လိုက်ရမယ်သား ''"ဗျာ!!!''
သူရ အိပ်ယာကနိုးနိုးချင်းကြားလိုက်ရသောသွေးပျက်စရာစကား။ ထိုစကားကြောင့်သူရုတ်ချည်းသွေးပူလာရသည့်အပြင် အသည်းမာသည့်သူတောင် ထစ်ကနဲမျက်ရည်ဝဲမိ၏။
ဒါ့အပြင် မျက်လုံးထဲချက်ချင်းမြင်ယောင်လာသည့်အစ်ကိုရဲ့မျက်နှာ။
ထိုမျက်နှာလေးကိုမြင်ယောင်မိတိုင်းသူတကယ်ကိုကြည်နူးနေရသည်မှာ အမှန်ပင်။
ဒါ့အပြင်အမြဲနားပျော်ဖွယ်ပြောတတ်သော နှုတ်ခမ်းလေးမှ ထွက်ကျလာသော စကားလုံးများကိုကြားယောင်မိတိုင်း သူရင်ခုန်ခဲ့ရသော နေ့ညများဟာ မနည်းချေ။
သူ့မှာ ကြင်နာသူအပေါ် အချစ်ပန်းကလေးများစွန့်ကြဲပေးမယ်မကြံရသေးခုတော့ဝေးရတော့မည်တဲ့လား? သူတကယ်ကို ဆွံ့အ သွားရပြီ။
သူရသည်accident ဖြစ်သည့်နေ့ကစပြီး သူ၏အပြုံးဟာအရင်လိုအသက်မဝင်တော့ချေ။
သူ့ကိုယ်သူတောင်သတိမထားမိပဲတစ်စုံတစ်ခုကို အမြဲတွေးပူနေရသလိုလိုသူခံစားရ၏။
အခုတော့ထိုအရာဟာတကယ်ကိုဖြစ်လာနေပြီဖြစ်သည်။
အိပ်ယာပေါ်ငြိမ်သက်စွာထိုင်နေရင်း မေမေလုပ်သမျှကို သူကြည့်နေရုံကလွှဲဘာမှမပြောနိုင်ချေ။
မေမေရဲ့အကြောင်းကိုသူသိ၏။ အမြဲလိုလိုခေါင်းမာနေတတ်သောသူ၏အမေဟာ သည်လိုကိစ္စကြီးတွေမှာဆိုရင်ဖြင့် လုံးဝကို
အလျှော့ပေးမှန်မဟုတ်ချေ။သားသမီးများ၏နောင်ရေးကိစ္စများနှင့်
ပတ်သတ်လာရင် မိဘတိုင်းဟာအတ္တကြီးမှန်းလူတိုင်းသိ၏။ထို့ကြောင့်လည်း မေမေ၏ဆုံးဖြတ်ချက်ကို
သူ့ငြင်းဆန်ဖို့ရန်ဘာအကြောင်းပြချက်မှမရှိ။မေမေ့ဆုံးဖြတ်ချက်ကိုသူလက်လျောမယ်တွေးမိသော်လည်း နောက်၌ကျန်ရစ်နေမယ့် ကြင်နာသူ၏ မျက်နှာလေးကိုအလိုလိုမြင်ယောင်မိပြန်သည်။
တစ်သက်မှာတစ်ခါပဲချစ်မိနေသည့်အပြင်
ရူးလောက်အောင်ချစ်နေရသူမို့ သူသာထားရစ်ခဲ့လေ အောက်ချင်းငှက်လို နှစ်ဦးလုံး
ရင်ကွဲနာကျနေလိမ့်မယ်မှာ အမှန်ပင်။
YOU ARE READING
💖ကိုကိုရဲ့အချစ်ခံလူသား 💖(Complete)
Storie d'amoreအချစ်အတွက်ပေးဆပ်ခြင်းဆိုတဲ့စကားစုကသိပ်ကိုလှတာ နောင်တဆိုတဲ့အကျဥ်းတန်တဲ့စကားစုနဲ့ ဘယ်သောအခါမှ နှိုင်းမယှဥ်ရဘူး '' လင်းမြတ်သူရိန် ပထမဆုံးစရေးတာမို့ သည်းခံပြီးဖတ်ပေးပါ🙆🙆🙆 ---------------------------------------------------------------- အခ်စ္အတြက္ေပးဆ...