Uni ver
ညနေ ၄နာရီအချိန်
ယံယံသည် သူ့အား လာခေါ်သည့်
ကားနောက်လိုက်ပါသွားသည်။အမှန်တကယ်တော့ ယံယံမသွားချင်ပါ။
သူတစ်ပါးအိမ်မှာ နေရတာဘယ်လောက်တောင်အဆင်မပြေမှန်း လူတိုင်းသိ၏။
သို့ပေမဲ့ စီးပွားရေးအဆင်မပြေတာကြောင့်
ယံယံ လက်ခံလိုက်ခြင်းဖြစ်၏။ယံယံ ထွက်သွားတာကြောင့်
သူရလည်း အဖော်မရှိတော့သည်မို့ သူ့၏အဒေါ်အိမ်ကိုသို့သာပြန်သွားရပြန်သည်။
.
.
.အသွားလမ်းတစ်လျှောက်ကားပေါ် ငြိမ်သက်စွာ ထိုင်ပြီး ယံယံ ဟိုကြည့်ဒီကြည့်လုပ်နေလိုက်၏။
"" ရောက်ပြီ''''
" အာ.....ဟုတ်''
ရောက်ပြီလား? မြန်လိုက်တာ ယံယံ တို့နေတဲ့
အဆောင်နဲ့သိပ်မဝေးဘူးဆိုတဲ့သဘောပဲ။ယံယံ ငင်းလို့ကောင်းနေတုန်း
လူကြီး ရဲ့အိမ်ရောက်ပြီတဲ့ထို့ကြောင့်ယံယံ ကားပေါ်မှဆင်းလိုက်၏။
ကားပေါ်ဆင်းပြီ အရှေ့ကိုအကြည့်ရောက်သည့်ခဏ ယံယံတစ်ကိုယ်လုံးကို ဓါတ်လိုက် သွားသလိုခံစားလိုက်ရသည်။
ထို လူကြီး သည် ခါးထောက်ကာ မျက်မှောင်ကြုတ်လျက် ယံယံကိုကြည့်နေသောကြောင့် ယံယံမှာ အသက်တောင်မရှူရဲချေ။
သူလိုအပ်လို့ခေါ်ထားတဲ့သူကို ကြိုဆိုနည်းက
အဆန်းပါ့လား?အင်းပေါ့။ သူအလကား ခေါ်နေတာမှမဟုတ်ပဲ ပိုက်ဆံပေးပြီးခေါ်ထားတာလေ။
ယံယံ တွေးရင်းခေါင်းကိုခါးယမ်းလိုက်သည်။
ထို့နောက် စိတ်ကို မာမာထားပြီး ယံယံ ထိုလူကြီးကိုကြည့်ပြန်၏။
တဆိတ် အမည်းရောင် shirtနဲ့ အဖြူရောင်
ဘောင်းဘီရှည်ကို ဝတ်ထားသော
လူကြီးသည် ဟိုနေ့ကထက်ပိုချောသည်
ကိုယံယံ သတိထားမိသည်။ထိုလူကြီးက ဘာမှယူမလာနဲ့
ပြောထားသည်မို့ယံယံ မှာကျောပိုးအိတ်အသေးလေးတစ်လုံးသာ။ယံယံ မဝံ့မရဲဖြင့် ခြေလှမ်းကိုဖြည်းဖြည်းမှန်မှန်လှမ်းပြီး ထို လူကြီးနားသွားလိုက်သည်။
YOU ARE READING
💖ကိုကိုရဲ့အချစ်ခံလူသား 💖(Complete)
Romansaအချစ်အတွက်ပေးဆပ်ခြင်းဆိုတဲ့စကားစုကသိပ်ကိုလှတာ နောင်တဆိုတဲ့အကျဥ်းတန်တဲ့စကားစုနဲ့ ဘယ်သောအခါမှ နှိုင်းမယှဥ်ရဘူး '' လင်းမြတ်သူရိန် ပထမဆုံးစရေးတာမို့ သည်းခံပြီးဖတ်ပေးပါ🙆🙆🙆 ---------------------------------------------------------------- အခ်စ္အတြက္ေပးဆ...