🍎part 24🍎Unicode

16.5K 963 109
                                    

Uni ver
.
.
.
.
ဒီနေ့ ယံယံအတန်းမတက်သောကြောင့် သူရ
တစ်ယောက်တည်းပျင်းနေလေသည်။
နှစ်ယောက်သားတွေ့ရင် ရန်ဖြစ်တတ်ပေမဲ့
ပျော်ရသည်။

အတန်းမှာ အဖော်ဆိုပြီး ယံယံတစ်ယောက်တည်းသာ ရှိသည်မို့ ယံယံ
မလာသည့်နေ့များတွေ ခုံပေါ်မေးထောက်လျက်အတန်းချိန်ပြီးဖို့သာ သူရ အကြိမ်ကြိမ်ဆုတောင်းနေတတ်သည်။

အတန်းချိန်ပြီးသည်နှင့် သူရ စာအုပ်များကို
သိမ်းပြီးအခန်းမှအပြေးလေးထွက်မယ်အလုပ်

"သူရ ရှင့် ''

" ဗျာ''

ခေါ်သံကြောင့် ခြေလှမ်းကိုရပ်လိုက်ပြီး
ခေါ်သူနှင့် မျက်နှာချင်းဆိုင်လိုက်၏။

"နန်း တို့ညနေကျရင် ဆိုင်တစ်ဆိုင်ကိုမှာတွေ့ရအောင် ''

"အမ် ဘာလို့လဲ?''

သူရ၏အမေးကြောင့် နန်းသီရိ သည် ရှက်ရမ်းရမ်းဖြင့် နားရွက်နားကဆံနွယ်လေးအား သပ်ကာ ပြုံးပြုံးလေးနှင့် ဆိုလေသည်။

"ဘာရယ်မဟုတ်ပါဘူး သူငယ်ချင်းအထိမ်းအမှတ်အနေနဲ့ပေါ့ စိုင်း လည်းလာမှာ''

"အော် ကောင်းပြီလေ လာခဲ့မယ်''

ယံယံပါမည်ဆိုသောကြောင့် သူရ လက်ခံလိုက်၏။

ဆိုင်လိပ်စာပြောပြီးသည်နှင့်လွယ်အိတ်ကို
ပခုံးပေါ်ချိတ်လျက် ထွက်သွားသော
ကျောပြင်လေးကိုကြည့်ကာ သူမရင်တွေအဆမတန်ခုန်နေပြီး နှုတ်ခမ်းမှလည်း ရေရွတ်လိုက်သေးသည်။

"နန်း သိပ်ချစ်တာပဲ မောင်ရယ်''

ထွက်သွားသော ကျောပြင်လေးသည်
နန်းသီရိ၏အကြံအစည်ကို မသိခဲ့ချေ။

သူ၏သက်ဆိုင်သူဆီကိုသာ ဦးတည်ကာ
သွားလေ၏။

ကျောင်းအပြင်ရောက်သည်နှင့် ကားတံခါးကို မှီလျက် သူ့အားစောင့်ကြိုနေသော
မိုးယံကြောင့် သူရ ရင်ခုန်မိရသည်။

"အစ်ကို အမေ့!''

အနားအရောက် ခေါ်လိုက်ရုံရှိသေး ဆွဲဖက်ခံလိုက်ရသော ကိုယ်လေးကြောင့် သူရ
လန့်ဖျပ်သွားရ၏။

💖ကိုကိုရဲ့အချစ်ခံလူသား 💖(Complete)Where stories live. Discover now