Uni
Zawgyi
.
.
.
အပိုင်း ၄၉Unicode
Zawgyi
.
.
.
"အားး ''မနက်နိုးနိုးချင်းတစ်ကိုယ်လုံးကိုက်ခဲနေတာကြောင့် သူရ အော်လိုက်မိခြင်းဖြစ်သည်။
တစ်ခုခုတော့တစ်ခုခုပဲ။
တစ်ကိုယ်လုံးကိုင်ပေါက်ခံထားရသလို
မလှုပ်ချင်လောက်အောင် နာကျင်နေတာကြောင့် ဒါဟာ သွေးရိုးသားရိုးမဟုတ်မှန်း သူသိပြီ။အခန်းပတ်ပတ်လည်ကိုကြည့်တော့သူ့အခန်းထဲများစွာကျယ်ပြီးအသုံးအဆောင်ပရိဘောဂတွေကလည်းအဆင့်မြင့်၏။
မနေ့ညကအဖြစ်ပျက်များကိုသေချာပြန်စိစစ်မိတော့ အစ်ကိုမိုးယံကိုတက်ခွပြီးရန်ရှာခဲ့သည်အထိ သူမှတ်မိခဲ့သည်။
သို့ပေမယ့် သူရှက်ရကောင်းမှန်းမသိပါ။
ဘာပဲဖြစ်ဖြစ်မူးနေတုန်းအခွင့်အရေးယူနေတဲ့ အစ်ကိုမိုးယံ ကိုတော့ သူရန်ရှာရမှကိုကျေနပ်နိုင်မည်။
" အား ခင်ဗျားသေဖို့ပြင်ထား!!''
"ဘာဖြစ်တာလဲ အဆိုးလေး!''
အငွေ့တထောင်းထောင်းနှင့် ဆန်ပြုတ်ခွက်ကိုကိုင်ပြီးအခန်းရှေ့ရောက်တုန်းရှိသေး အဆိုးလေးရဲ့အော်သံကြောင့် မိုးယံလောလောနှင့်အထဲကိုပြေးဝင်ပြီးမေးလိုက်ခြင်းဖြစ်သည်။
ထိုအခါ နဂါးမျက်စောင်းနဲ့အဆိုးလေးရဲ့အသံကပိုပြီးတော့ကိုကျယ်လာလေ၏။
"ဘာကိုဘာဖြစ်ရမှာ ခင်ဗျားကျွန်တော့်ကိုဘာလုပ်ထားလဲ? ""
မျက်နှာမသစ်ရသေးအခုထိစောင်ပုံထဲကမထွက်ရသေးတဲ့အဆိုးလေးကသူ့ကိုရန်ရှာလေသောအခါ မိုးယံရယ်ချင်မိသွားသည်။
"အဆိုးလေးကိုယ့်ကိုအရင်စတာလေ''
"အဲ့တော့ရောဘာဖြစ်လဲ?''
အမှန်တရားကိုပြောတော့လည်းလက်မခံအခုထိကိုရန်တွေ့သေးတာကြောင့် မိုးယံဆန်ပြုတ်ပန်းကန်ကိုချလိုက်ပြီး အဆိုးလေးနားဝင်ကာ ပခုံးလေးကိုဖက်လိုက်၏။
"မဆိုးနဲ့ကွာ အားရှိအောင်ဆန်ပြုတ် သောက်လိုက်ဦး''
"သေတောင်မသောက်ဘူး ''
YOU ARE READING
💖ကိုကိုရဲ့အချစ်ခံလူသား 💖(Complete)
عاطفيةအချစ်အတွက်ပေးဆပ်ခြင်းဆိုတဲ့စကားစုကသိပ်ကိုလှတာ နောင်တဆိုတဲ့အကျဥ်းတန်တဲ့စကားစုနဲ့ ဘယ်သောအခါမှ နှိုင်းမယှဥ်ရဘူး '' လင်းမြတ်သူရိန် ပထမဆုံးစရေးတာမို့ သည်းခံပြီးဖတ်ပေးပါ🙆🙆🙆 ---------------------------------------------------------------- အခ်စ္အတြက္ေပးဆ...