Uni. Ver
.
.
.
ဒေါသကြောင့်ဆင်ခြင်မှုပျောက်ကင်းနေသော
သူမသည် ကားကိုအရှိန်ပြင်းစွာမောင်းလျက်
သူရ၏ကျောပြင်ကိုဦးတည်လိုက်၏။သို့ပေမဲ့ သူရဆီမရောက်ခင်အနားလေးမှာ ဖြတ်မောင်းလာသောကားတစ်စီးကြောင့် သူမလမ်းကြောင်းလွှဲလိုက်ရာမှ နောက်ကျောပေးကာဖုန်းပြောနေသော သူရိန်ဆီသို့ တည့်တည့်မတ်မတ်ဦးတည်သွားရသည့်အဖြစ်။
သူရနှင့်စကားကောင်းနေသည့်ယံယံသည်
သူရိန်ဆီဦးတည်လာသော ကားကိုတွေ့လိုက်သည်နှင့်"ကိုကို!!!''
ကျယ်လောင်လှသော အော်သံနှင့်အတူ
သူရိန်အား အမြန် တွန်းထုတ်လိုက်လေ၏။ဒုန်းးး
ကားသည် သူရိန်ရပ်နေသည့် လမ်းဘေး ဂုံးတက်သည့်နေရာအားအရှိန်ပြင်းပြင်းဝင်တိုက်ပြီး တစ်ပြိုင်နက်ရှေ့ကို တရစပ်မောင်းပြေးတော့သည်။
"ယံယံ!!!"'
အဝေးကကြည့်လေ ယံယံကားရှေ့ရောက်သွားသည့်ပုံမို့ သူရစိတ်ပူကာ အော်ပါတော့၏။
သို့ပေမဲ့
ကားသည်လျင်မြန်သလောက် သူရိန်လည်းလျင်မြန်၏။
သူရိန်သာ လက် မမြန်ပါက ကားခေါင်းနှင့်
ယံယံ အောက်ပိုင်း မိတ်ဆက်သွားနိုင်သည်။လဲမကျခင်မျက်စိတစ်မှိတ်အတွင်း သူရိန်
ယံယံ၏ခါးလေးအား သူ့ဘက် အားပါပါနှင့် ဆွဲလိုက်တာကြောင့် လဲကျနေသော သူရိန်
အပေါ်ယံယံထပ်လျက်သားဖြင့် နှစ်ယောက်လုံးအသက်ဘေးမှလွတ်သွားသည်။သို့ပေမဲ့ ကား၏ပွတ်ဆွဲမှုကြောင့် ယံယံ၏
ညာဘက်ခြေထောက် ဓားနဲ့ခွာထားသလို အရေခွံလှန်ပြီး အသားလည်းကွာနေတာကြောင့် နီရဲရဲသွေးများစီးကျနေသည်အထိ
ဖြစ်နေခဲ့သည်။ခြေထောက်မှနာကျင်ကိုက်ခဲမှုကြောင့် ယံယံအော်ငိုပါတော့၏။
"အားး နာတယ် ကိုကို ဟင့်''
"ကိုယ်ရှိတယ် ကိုယ်ရှိတယ်baby''
အသည်းသန်အော်ငိုနေသော ယံယံကို သူရိန်
အတင်းထွေးပွေ့ပြီး နားထင်အနားနှုတ်ခမ်းဖိကပ်ထားလေ၏။
YOU ARE READING
💖ကိုကိုရဲ့အချစ်ခံလူသား 💖(Complete)
Romanceအချစ်အတွက်ပေးဆပ်ခြင်းဆိုတဲ့စကားစုကသိပ်ကိုလှတာ နောင်တဆိုတဲ့အကျဥ်းတန်တဲ့စကားစုနဲ့ ဘယ်သောအခါမှ နှိုင်းမယှဥ်ရဘူး '' လင်းမြတ်သူရိန် ပထမဆုံးစရေးတာမို့ သည်းခံပြီးဖတ်ပေးပါ🙆🙆🙆 ---------------------------------------------------------------- အခ်စ္အတြက္ေပးဆ...