🍎part 50🍎

11.6K 577 5
                                    

Unicode
Zawgyi
.
.
.
"အစ်ကိုလေး Boss မေးနေပြီ ကျွန်တော်တို့ဘယ်လိုဆက်လုပ်ရမလဲ?''

Mark က စိုးရိမ်စွာမေးတော့ ယံယံ သက်ပြင်းချမိသည်။

သူရတို့ Dinner ပွဲပြီးမနက်မှာပင် ယံယံက
မေမဒီနဲ့ဆက်သွယ်ပြီး US ကို သွားဖို့အကြံထုတ်ရသည်။

ကိုကိုသာသိလျှင်လုံးဝလက်ခံမှာမဟုတ်တဲ့အကြောင်း ယံယံသိပြီးသားမို့ Markကိုပါ ဒုက္ခပေးလိုက်ရသည်။

ရှမ်းပြည်ကိုအရေးကြီးကိစ္စပေါ်လာလို့ခရီးသွားနေရတယ်ဆိုပြီး ကိုကို့ ကိုလိမ်ညာလိုက်ရပေမယ့် ကိုကို မယုံမှန်းသိတော့အစ်ကိုဝေလျှံ ကိုရော အစ်ကိုမိုးယံနဲ့သူရတို့ကိုပါအပူပေးရပြန်၏။

မေမေကြီးကိုလည်းအပူမပေးချင်။

ဒီနေ့နဲ့ဆို ယံယံ US ကိုရောက်လာတာ
၄ရက်ပြည့်နေပြီ။

စရောက်သည့်နေ့ စရောက်သည့်အချိန်၌ပင် ခွဲစိတ်မှုစတင်ခံယူခဲ့သည်။

အမျိုးသားကိုယ်ဝန်ရနိုင်အောင်ခွဲစိတ်မှု
သားဥပြွန် ဖန်ပေါင်းပြွန်ထည့်သွင်းမှု
အရိုးရှင်းဆုံးပြောရရင် သားအိမ်အတုထည့်ဖို့အတွက် သားအိမ်နေရာ ဖောက်သွင်းမှု သားအိမ်အစားထိုးခွဲစိတ်မှုပေါ့။

ယောကျ်ားလေးမို့ အန္တာရယ်ကြီးမှန်းသိသည်။

သို့ပေမယ့် ယံယံကိုကို့ ကိုသိပ်ချစ်တာကြောင့် စွန့်စားလိုက်ခြင်းဖြစ်သည်။

"အစ်မ ကျွန်တော်တကယ်ပြန်လို့မရသေးဘူးလား?''

ယံယံမေးတော့ မေမဒီကစာရွက်စာတမ်းများကိုကြည့်ရင်းသက်ပြင်းချကာပြော၏။

"ရှင်လေးရယ် ရှင်ကယောက်ျားလေး
ပြီးတော့ ခွဲစိတ်ပြီးပြီးချင်း လေယာဥ်မစီးရဘူးလေ အခုပြန်ရင်ရှင်ပဲဒဏ်ခံရမှာ''

သူ့အားမောင်အရင်းတစ်ယောက်လိုခင်မင်ပြောဆိုသော မေမဒီ။

အစ်မမေမဒီ က သားဖွားဆရာဝန်မို့ ယံယံနဲ့ပတ်သက်သောအကြောင်းအရာမှန်သမျှ
ကိုင်တိုင်လုပ်ပေးရှာသည်။

ခွဲစိတ်တဲ့နေရာမှာလည်း မေမဒီကပါဝင်ခဲ့ပြီး အခုအရာရာပြီးဆုံးမှုအထိ မေမဒီက
ကူလုပ်ပေးပြန်သည်။

💖ကိုကိုရဲ့အချစ်ခံလူသား 💖(Complete)Where stories live. Discover now