Uni ver
မနက်ခင်းလေတအေးအေးနှင့် ငှက်ကလေးများကတေးဆိုနေပြီး နေမင်းကြီးကလည်း
မဂ်လာနံနက်ခင်းပါလို့ နှုတ်ခွန်းစပြုနေပြီ
မနက်ဆိုစောစော ထတတ်ပေမဲ့
သည်နေ့ကအရင်နေ့တွေနဲ့မတူ
ရင်ခွင်ကအနွေးဓါတ်လေးဟာ ဘယ်အရာနဲ့မှ
လဲလို့မရသည့် ကမ္ဘာပေါ်က အဖိုးတန်ဆုံး
အနှိုင်းမဲ့ ပေသူရိန် သူ့ရင်ခွင်တွင်နားခိုပြီး
နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသည့်
ချစ်ရသူကို ကြည့်ရင်းကြည့်ရင်း
အသည်းတယားယားဖြစ်လာပြီး
အားပါပါနှင့်ဖျစ်ညှစ်လိုက်သည်ကြောင့်
နာသွားသည်ထင် အင့် ခနဲ အသံထွက်လာသည်
နဖူးလေးကိုတစ်မိနစ်မျှထိကပ်ပြီး
အကြင်နာခြွေလိုက်သည်သူရိန် ရေမိုးချိုးပြီးအောက်ဆင်းကာ
အိမ်ကလူတွေကိုမှာစရာရှိတာမှာပြီး
အပေါ်ပြန်တက်မည်အလုပ်
အပေါ်ကပြေးဆင်းလာသော
ချစ်ရသူက သူရိန်ကို တစ်ချက်ကလေးတောင်စောင်းမကြည့်ဘဲ အိမ်ရှေ့တံခါးဝကိုသာဦးတည်သွားလေသည်ယံယံ မနေ့ကကိစ္စကိုအခဲမကြေသေး
ဒါကြောင့် နိုးနိုးချင်းဘယ်သူ့ကိုမှဂရုမစိုက်ဘဲ
အိမ်ရှေ့ထွက်ပေါက်ကို ဦးတည်ပေမဲ့
သူ့အရှေ့ရပ်လာသော အစောင့်တွေကြောင့်
သည်ကနေ့နံနက်ခင်းဟာ သူ့အတွက်
အလွန်ယုတ်ညံ့လှသည်"" ဖယ်ပေး!!!'''
ခေါင်းမာလွန်းလှတဲ့ချစ်ရသူကြောင့်
သူရိန် ခါးထောက်ကာသက်ပြင်းခဏခဏ
ချရသည်
သူရိန် ယံယံအနားသွားပြီး""" မနက်ကြီး ဘယ်သွားမလို့လဲ baby''''
""" သွားချင်ရာသွားမယ် ဒီမှာသေတောင်မနေဘူး''''
ဖြေသာဖြေပေမဲ့ သူရိန်ကိုမကြည့်
သူရိန် ကျစ် တစ်ချက်သပ်ပြီး ယံယံ ခါးကို
လက်တဖက်ဖြင့်ဆွဲယူပြီး မေးကိုမော့စေ
သည်
ယံယံ မှာနဂိုတည်းက မကြည်တဲ့စိတ်ဟာ
ယခုတော့ပိုဆိုးနေလေပြီ။""" ဘာလုပ်တာလဲ ဖယ်!!!''''
"" ဆိုးလှချည်လား baby
မနေ့ညတည်းက ကိုယ့်ကိုရန်တွေ့နေတာ
မမောသေးဘူးလား ဟမ်!!!""" မောရင်တောင်မရပ်ဘူး
မကျေနပ်ရင်သတ်ပစ်လိုက်လေ!!'''" လူဆိုးလေး'''
YOU ARE READING
💖ကိုကိုရဲ့အချစ်ခံလူသား 💖(Complete)
Romanceအချစ်အတွက်ပေးဆပ်ခြင်းဆိုတဲ့စကားစုကသိပ်ကိုလှတာ နောင်တဆိုတဲ့အကျဥ်းတန်တဲ့စကားစုနဲ့ ဘယ်သောအခါမှ နှိုင်းမယှဥ်ရဘူး '' လင်းမြတ်သူရိန် ပထမဆုံးစရေးတာမို့ သည်းခံပြီးဖတ်ပေးပါ🙆🙆🙆 ---------------------------------------------------------------- အခ်စ္အတြက္ေပးဆ...