🍎part 4🍎

29.1K 2.4K 124
                                    

Uni ver

ယံယံ ကျောင်းသွားဖို့အားလုံးပြင်ဆင်ပြီး
အောက်ဆင်းလာတော့ မေမေကြီးကလှမ်းပြောလိုက်သည်

"" သားငယ်'''

"" ဟုတ် မေမေ'''

"" မင်းအစ်ကိုကို သွားနှိုးလိုက်ဦး'''

"" ဟုတ်မေမေ'''

ယံယံ သိပ်မသွားချင်ပါ
မျက်နှာကြောတင်းတဲ့ ကိုကို ကို
ယံယံ ကြောက်ရသည်

တဖက်က သူရိန် မှာ တစ်ညလုံး
အကောင်ပေါက်လေး ကို ထိုင်ကြည့်
ပြီး မိုးလင်းခါနီးမှ အခန်းပြန်အိပ်သည်မို့
မနက်စောစောထတတ်သည့်သူက
ဒီနေ့တော့နောက်ကျသည်

သူရိန် ရေမိုးချိုးပြီး Shirt ဝတ်ဖို့
ပြင်တုန်း

ဒေါက်....ဒေါက်....ဒေါက်..

"" ဝင်ခဲ့'''

ယံယံ ဝင်ဝင်ချင်းကိုကိုက
အပေါ်ပိုင်းဗလာနဲ့မို့ ယံယံဝင်လာသည်ကို
စိတ်ဆိုးမှာစိုးရသည်

သူရိန် သူ့ကိုမရဲတရဲကြည့်နေသည့်
ယံယံ ကို မျက်ခုံးတစ်ဖက်ပင့်ပြပြီး

"" ပြောလေ'''

"" ဟို......မေမေကြီးက မြန်မြန်ဆင်းလာခဲ့တဲ့'''

"" ဟုတ်ပြီ''''

"" ဟုတ်'''

"" ခဏ...'''

ပြောပြီးပြီးချင်း လှည့်ထွက်သွားတဲ့
ယံယံကို ခဏနေခိုင်းကာ
ကြယ်သီး တပ်ရင်းနဲ့ပင် ယံယံဆီလျှောက်လာသည်

ယံယံ မှာသူ့ဆီလျှောက်လာတဲ့ သူရိန်ကြောင့် နောက်ကိုဖြည်းဖြည်းဆုတ်ရင်း
ခုဆို တံခါးနဲ့ သူရိန်ကြားတွင် ယံယံညှပ်နေသည်
သူရိန် မျက်နှာကိုတဖြည်းဖြည်း ကပ်လာပြီ
ယံယံ နှုတ်ခမ်းကို နမ်းမိတော့မလိုလိုဖြစ်နေသည်

"" ဘာ...ဘာဖြစ်လို့လဲ'''

သူရိန် သူ့ရှေ့က ကောင်ပေါက်လေးကို
တစ်ခါလောက် စိတ်ရှိလက်ရှိ
နမ်းပစ်ချင်ပေမဲ့ အချိန်မတန်သေးတာ
ကြောင့် စိတ်လျှော့လိုက်ရသည်.

ယံယံ မှာလွှတ်ပေးသည်နှင့်တပြိုင်နက်
တချိုးတည်းလစ်ပြေးလေတော့သည်

**** ကိုယ်အရမ်းသေချာသွားပြီ baby
ကိုယ် baby ကိုထွက်သွားခွင့်ပေးမှာမဟုတ်တော့ဘူး *****

💖ကိုကိုရဲ့အချစ်ခံလူသား 💖(Complete)Where stories live. Discover now