Soul Mate 38

174 29 3
                                    

Zawgyi #

" ပြန်လာတာကို ကြိုဆိုပါတယ် မင်းကြီး "

ဆယ်ဟွန်း ဂျိုဆွန်းနန်းတွင်းသို့ ခြေချလိုက်သည်နှင့် အမတ်များထံမှ ကြိုဆိုနှုတ်ဆက်သံများ သံပြိုင်ထွက်လာလေသည်။ မိဖုရား လီမြောင်ဟွာ နှင့် မိဖုရား မင်ယွီတို့မှာလည်း နောက်လိုက်ပါ အထိန်းတော်များနှင့် အကောင်းဆုံးဝတ်စားဆင်ယင်ကာ အပြုံးကိုယ်စီဖြင့် ဦးညွတ်ကာ အရိုအသေပေးနေကြသည်။ ဆယ်ဟွန်းပြန်ရောက်ရောက်ချင်းတွေ့ချင်သူကိုကား မတွေ့သေးပေ။ အထောက်တော်တစ်ယောက်ဆီမှ အချို့သတင်းကိုကား ကြားရှိပြီးဖြစ်သောကြောင့် ဆယ်ဟွန်းစိတ်ထဲတွင် အပစ်လုပ်ထားသူအားလုံးကို တန်းစီပြီး သတ်မိန့်ပေးချင်သော်လည်း ယခုလက်ရှိအခြေအနေသည် ရန်သူပတ်လည်ဝိုင်းနေသည်မို့ စိတ်အလိုလိုက်ကာ တဇွတ်ထိုးလုပ်၍ မဖြစ်ပေ။

အရိုအသေပေးနေသော အမတ်များသာမက ၊ မိဖုရားများကိုပါ ဆယ်ဟွန်းခေါင်းတစ်ချက်ဆတ်ပြကာ အရိုအသေပေးခြင်းကို အသိအမှတ်ပြုလိုက်သည်။

" အားလုံးဘဲ ထနိုင်ပါပြီ ဒီတစ်ခေါက် ခရီးမှာ ချောင်းနိုင်ငံနဲ့ နိုင်ငံရေးသာမက ၊ စီးပွားရေးလည်း ဆွေးနွေးနိုင်တာမို့ အားလုံးအဆင်ပြေခဲ့တယ် အသေးစိတ်ကို မနက်ဖြန် ညီလာခံမှာ ဆက်ဆွေးနွေးမှာမို့ အတိုင်ပင်ခံအမတ်ကြီးကဘဲ ဆွေးနွေးဖို့အတွက် အစီရင်ခံစာတွေ ပြင်ပေးပါဦး "

" ဟုတ်ကဲ့ပါ မင်းကြီး ကျွန်တော်အကုန်ကြိုစီစဉ်ထားပါ့မယ် "

လီထယ်အွန်း အမတ်ကြီးမှာ ဆယ်ဟွန်းပြောသည်ကို ဖြေလိုက်သော်လည်း မိဖုရားခေါင်ကြီး ( ယခင်မင်းကြီး၏ မယ်တော် ) နှင့် လျှို့ဝှက်လုပ်ကြံမှုမအောင်မြင်သဖြင့် စိတ်ထဲတွင် ခံပြင်းလျှက်ရှိလေသည်။

" ကဲကိုယ်တော် ခရီးပန်းလာတာမို့ ဒီနေ့ဒီလောက်နဲ့ဘဲအနားယူတော့မယ် "

ဆယ်ဟွန်းမှာ တစ်ခွန်းသာဆိုကာ သူ၏အတွင်းနန်းဆောင်သို့ အထိန်းတော် ၊ နောက်ပါးတော်များဖြင့် ပြန်သွားလေသည်။ အတွင်းဆောင်သို့ရောက်သည်နှင့် လုဟန်၏ကြင်ယာတော် အဆောင်သို့ကူးကာ အစားထိုးထားသော လူငယ်ကိုရှာလိုက်သည်။ မိဖုရားနှစ်ပါးစလုံးမှာ ကြင်ယာတော်ကိုရှင်းထုတ်ရန် ကြံစည်နေသည်ကို ဆယ်ဟွန်းကောင်းကောင်းသိနေခဲ့သည်။

Empire's Soul MateWhere stories live. Discover now