Zawgyi#
" ရော့ .......မင်းလေးကို ကိုယ်စိတ်ဆိုးအောင်လုပ်မိတယ်ဆိုရင် ကိုယ့်ကို ထိုးလိုက် "
ခါးတွင်ချိတ်ထားသော ဓားကိုဖြုတ်ကာ လက်ကိုင်ရိုးကို တုန်ရီနေသော ကောင်လေး၏လက်ထဲသို့ ဆယ်ဟွန်းထည့်ပေးလိုက်လေသည်။ ကောင်ငယ်လေးမှာ နီရဲနေသော မျက်ဝန်းအစုံဖြင့်မော့ကြည့်လာလျှက် ဓားကိုင်ထားသောလက်မှာ တုန်ယင်နေလေသည်။ ဆယ်ဟွန်းသည် ဓားအသွားကိုဆုပ်ကိုင်ကာ ရင်ဝတွင်တေ့ပေးလိုက်သောကြောင့် မျက်ဝန်းလှလှမှာ အံအားသင့်ရိပ်များစွန်းထင်နေလေ၏။
" ကိုယ်က မင်းကိုချစ်လို့ မင်းက ကိုယ့်ကို မုန်းတယ်ဆိုရင် မင်းကိုယ့်ကို ထိုးသတ်လိုက်
မဟုတ်... မဟုတ်........."
ဓားကို ကိုင်ထားသော ကောင်ငယ်လေး၏ လက်ကောက်ဝတ်မှာအားပျော့လာလျှက် နောက်သို့ဆုတ်နေလေသည်။ နှစ်ယောက်စလုံးရေစိုနေသော်လည်း အ၀တ်အစားအပြည့်အစုံဖြင့် ဆယ်ဟွန်းမှာ မသိသာသော်လည်း ၀တ်ရုံပါးဝတ်ထားသော ကောင်ငယ်လေးမှာ ဖြူဝင်းသောအသားအရေမှာ ၀တ်ရုံစကို ထိုးဖောက်ကာ မြင်နေရ၏။ ဓားအသွားကိုတင်းတင်းဆုပ်ကိုင်ထားသော ဆယ်ဟွန်းလက်မှ သွေးများကြောင့် သစ်သားစည်ရှိရေများအရောင်ပြောင်းလာသကဲ့သို့ ကောင်ငယ်လေး၏ ၀တ်ရုံဖြူသည်လည်း အနီရောင်ဖြစ်လို့လာသည်။
" ခင်ဗျား လက်ဖယ်လေ.....ဘာလုပ်နေတာလဲ ခင်ဗျားလက်ကို ဖယ်လိုက်တော့ "
ဓားရိုးကိုလွှတ်ချကာ ဆယ်ဟွန်း၏လက်ကိုအုပ်ကိုင်ကာ ဒဏ်ရာကိုကြည့်ရင်း လုဟန်ဆိုလာလေသည်။
" ကိုယ့်ကို ခွင့်လွှတ်နိုင်ပြီလား ဟန်လေး ............"
မိမိနာမည်ကိုခေါ်လာသောကြောင့် လုဟန်မှာ ဆယ်ဟွန်းကိုမော့ကြည့်လိုက်မိသည်။
" ခင်ဗျား....ခင်ဗျား............ကျွန်တော့်နာမည်ကို ဘယ်လိုသိတာလဲ ........."
နှုတ်ခမ်းစွန်းတို့ကော့တက်ကာ ပြုံးရင်း လုဟန်၏မေးရိုးကို အသာဆွဲယူရင်း မျက်နှာချင်းနီးကပ်စေကာ မျက်ဝန်းလှလှတို့ကို စိုက်ကြည့်မိသော် လုဟန်သည်မျက်နှာလေးကို ဘေးသို့စောင်းမိလိုက်လေသည်။
YOU ARE READING
Empire's Soul Mate
Fanfictionကံကြမ္မာအလှည့်အပြောင်းနှင့် ဘုရင်ဖြစ်လာမည့် ကောင်လေး မွေးဖွားလာကတည်းက ဘုရင်ဖြစ်မည့်သူအတွက် ဖူးစာဖက်အဖြစ်သတ်မှတ်ခံရပြီးသော နှောင်ချုပ်ခံထားရသည့် ချောလွန်းလှသည့်ကောင်လေး ထိုသူနှစ်ဦး၏ ဆုံတွေ့မှုမှသည် ဖြစ်ပေါ်လာသော အချစ်ပုံပြင်တစ်ပုဒ် ကံကြမ္မာအလှည့်အပြေ...