Soul Mate 32

189 28 5
                                    

Zawgyi #

လုဟန်မှာ သတိပြန်လည်ခြင်းမရှိသေး ၊ အဆောင်တော်ထဲတွင်သာ မေ့မြောလျှက်ပင်ရှိသေးသည်။ လုဟန်ကို မထားခဲ့ချင်သော်လည်း ၊ အတူခေါ်သွားမည်ဆိုလျှင် ခရီးဒဏ်ကြောင့် ၊ အဆိပ်ပြန့်နှုန်း ပိုမြန်လာနိုင်သောကြောင့် ဂျိုဆွန်းနန်းတွင်းထဲတွင်သာ အစောင့်များ ၊ ကိုယ်ရံတော်များကို စောင့်ကြပ်စေကာ အချိန်မနောက်ကျစေရန် ဆယ်ဟွန်းနှင့် ဘုရင်ရန်ဝေမှာ နောက်လိုက်ပါ တပ်စုများဖြင့် ချောင်းနိုင်ငံသို့ထွက်လာခဲ့သည်။ နန်းတော်မှ စထွက်ကတည်းက ဆယ်ဟွန်းမျက်နှာမှာ သိသိသာသာ တင်းမာနေပြီး ချောင်းနိုင်ငံသို့သာ ရောက်ရန် စိတ်စောနေသည်။ ဘုရင်ရန်ဝေမှာ ခပ်မဆိတ်သာ အကဲခတ်ပြီး စကားအပိုအလိုမပြောရန် ဂရုစိုက်ပြီး ပတ်ဝန်းကျင်အနေအထားကို ဂရုစိုက်ပြီး ကြည့်နေလေ၏။

" ယောက်ဖတော် ခဏ နားရအောင် မြင်းတွေလည်းပန်းနေပြီ တပ်သားတွေလည်း မောနေပြီ တော်ကြာ တစ်ခုခုဆိုရင် အားလုံး ခြေကုန်လက်ပန်းကြကုန်မယ် "

ဘုရင်ရန်ဝေမှာ ဆယ်ဟွန်းကို သတိပေးသလိုပြောလိုက်လေသည်။

" ဟုတ် ကောင်းပြီလေ နားကြတာပေါ့ "

ဘုရင်ရန်ဝေမှာ အထူးတပ်မှူး ကျန်းချောင်ကို ခေတ္တနားရန် အချက်ပြလိုက်လေသည်။ တပ်သားများလည်း ယခုကျမှ အသက်ရှုချောင်သွားဟန်ဖြင့် မြင်းများ ၊ လှည်းများကို ရပ်တန့်ကာ ရေသောက်သူ ၊ တပို့တပါးသွားသူများဖြင့် အနားယူနေကြသည်။ လိုက်ပါလာသော အထိန်းတော်များမှာ ဆယ်ဟွန်း နှင့် ဘုရင်ရန်ဝေအတွက် နေ့လည်စာကို အလျင်မှီအောင် စီစဉ်နေကြလေသည်။

အားလုံးမှာ ကိုယ့်စိတ်ဇောဖြင့် ဗျာများနေသူများမို့ နေ့လည်စာ စားပြီးသည်နှင့် ချောင်းနိုင်ငံ၏ နယ်စပ်သို့နေမ၀င်ခင် ရောက်ဖို့အရေးအတွက် အပြင်းခရီးနှင်ကြရသဖြင့် နောက်တွင် အရိပ်ကဲ့သို့ ထပ်ကြပ်မကွာလိုက်နေသည့် အဖွဲ့တစ်ဖွဲ့ကို သတိထားမိခြင်းမရှိပေ။

xxxxxxxxxxxxxxxxx

ထိုအချိန်တွင် ဂျိုဆွန်းနန်းတွင်းထဲရှိ အဆောင်တော်တွင် မေ့မြောလျှက်ရှိနေသော လုဟန်သည် သတိပြန်လည်လာလေသည်။ သတိရလျှင် ရခြင်း လုဟန်သည် လှဲနေရာမှ တဖြည်းဖြည်းချင်း ထထိုင်ကာ အဆောင်အတွင်း ဝေ့ကာ ကြည့်လိုက်သည်။ လစ်ဟာနေသော အိပ်ရာဘေးတွင်မူ တစ်စုံတစ်ယောက်မျှမရှိ ၊ နံသာအိုးမှ အငွေ့များသာ အဆောင်အတွင်း မွှေးပျံ့လျှက်ရှိလေသည်။

Empire's Soul MateWhere stories live. Discover now