Zawgyi #
ဆယ်ဟွန်းလက်တစ်ဖက်မှာ လုဟန်ကို ဖက်ထားပြီး ကျန်လက်တစ်ဖက်ကိုဆုပ်ကိုင်ကာ အားပေးနေရသော်လည်း လုဟန်ထက် ဘတ်ဟွန်းပြောလာမည့် ပိုပြီး စိုးရိမ်နေသူဖြစ်လေသည်။ ဘတ်ဟွန်းမျက်နှာမှာ ကျန်သုံးယောက်ကို ကြည့်ကာ ပြောသင့်မပြောသင့်ချင့်ချိန်နေဟန် ပေါက်နေပြီး ပြောရန် အခက်တွေ့နေသည့်ပုံလည်းပေါ်လေသည်။
" ဟန်လေးက ဘာဖြစ်နေတာလဲ ယောက်ဖတော် အသက်အန္တရာယ်စိုးရိမ်ရလို့လား "
" အဲတာက...ဟို...ဟိုလေ... "
" ဟွန်းလေး ကြင်ယာတော် ဟန်လေးက စိုးရိမ်စရာ အခြေအနေမို့လား "
ဘတ်ဟွန်း၏ တွန့်ဆုတ် တွန့်ဆုတ် အမူအရာကြောင့် ဆယ်ဟွန်းတင်မက ချန်းယောလ်ပါ ၀င်မေးလာတော့သည်။ လုဟန်မှာလည်း ဘတ်ဟွန်းဆီမှ အဖြေမကြားရမီကိုပင် ခြေဖျားလက်ဖျားများပါ အေးစက်ကာနေလေသည်။
" အင်း ဆန်းကြယ်တယ်ဆိုပေမဲ့ ကျွန်တော့်တစ်သက် ဖိုးဖိုး ဆေးကုတာရော ၊ အဖေနဲ့အစ်ကို ဆေးကုတာကိုပါ လေ့လာဖူးပေမဲ့ အမျိုးသားတစ်ယောက် ကိုယ်ဝန်ဆောင်တယ်ဆိုတာကိုတော့ မတွေ့ဖူးသေးဘူး အရှင် "
" ဟမ် ကိုယ်ဝန်... ..."
" ဘယ်လို... ယောက်ဖတော် ဟန်လေးက ယောကျာ်းလေးလေ ဟွန်းရဲ့ ဘယ်လိုလုပ် ကိုယ်ဝန်ဆောင်နိုင်မှာလဲ "
ချန်းယောလ် အပြောကြောင့် ဘတ်ဟွန်းလည်း ခေါင်းကို ခါယမ်းကာ
" ကျွန်တော်လည်း မသေချာမှာ စိုးလို့ သွေးခုန်နှုန်းကို အထပ်ထပ် စမ်းကြည့်တာဘဲ ဒါနဲ့လေ ကြင်ယာတော် ဟန်လေး အခုတလောလေ ကိုယ်လက် မအီမသာဖြစ်တာ အစာစားပြီးနောက်ပိုင်း လေတွေပျို့တာ နုံးချိတာမျိုး ဖြစ်တာမျိုးရှိလား "
လုဟန်မှာ ကိုယ်ဝန်ရှိနေသည်ဆိုသော စကားကို ကြားလိုက်ရသောကြောင့် ကြောင်တောင်တောင်လေး ဖြစ်နေလေသည်။
" ဟန်လေး ယောက်ဖတော် ဘတ်ဟွန်း မေးနေတယ်လေ "
ဆယ်ဟွန်းမှာ လုဟန် ပခုံးကို ပုတ်ပြီး အသိပေးလိုက်ခါမှ အင်း အဲ အသံပြုပြီး အသိပြန်ဝင်လာကာ
YOU ARE READING
Empire's Soul Mate
Fanfictionကံကြမ္မာအလှည့်အပြောင်းနှင့် ဘုရင်ဖြစ်လာမည့် ကောင်လေး မွေးဖွားလာကတည်းက ဘုရင်ဖြစ်မည့်သူအတွက် ဖူးစာဖက်အဖြစ်သတ်မှတ်ခံရပြီးသော နှောင်ချုပ်ခံထားရသည့် ချောလွန်းလှသည့်ကောင်လေး ထိုသူနှစ်ဦး၏ ဆုံတွေ့မှုမှသည် ဖြစ်ပေါ်လာသော အချစ်ပုံပြင်တစ်ပုဒ် ကံကြမ္မာအလှည့်အပြေ...