Soul Mate 30

213 31 6
                                    

Zawgyi #

" သမားတော်ကြီး ကြည့်ပါဦး "

လုဟန်၏ လက်ဖျားကလေးများ လှုပ်ရှားလာမှုကြောင့် ဆယ်ဟွန်းမှာ အနားတွင် အခစားဝင်နေသည့် သမားတော်ကြီးကို စိတ်လှုပ်ရှားစွာဖြင့် အော်ခေါ်ကာ စမ်းသပ်ကြည့်ရှုစေလေသည် ။

သမားတော်ကြီးမှာ အနားသို့တိုးကပ်ကာ လုဟန်၏ လက်ဖျံရှိ သွေးကြောများကို စမ်းသပ်လိုက်ပြီးနောက်

" အရှင်မင်းကြီး ၀မ်းသာစရာပါ သွေးအတွင်းမှာ ရှိတဲ့ အဆိပ်တွေ ပြန့်နှံ့နှုန်းက လျော့ကျသွားပါတယ် "

" တကယ်လား ဒါ..ဒါဆို ဟန်လေးက ပျောက်ကင်းနိုင်တယ် ဆိုတဲ့သဘောလား "

" အရှင်မင်းကြီး အကုန်ပျောက်ကင်းဖို့အတွက်ကတော့ ဖြေဆေးလိုပါတယ် အဆိပ်ကိုဖော်စပ်သူတွေက အရမ်းထက်မြက်တဲ့အပြင် အဆိပ်နဲ့အတူ ဖြေဆေးကိုပါ တပါတည်း ဖော်စပ်နိုင်သူတွေပါ ပါဝင်ပစ္စည်းတွေကလည်း ချောင်းနိုင်ငံမှာရှိတဲ့ သစ်နွယ်မြက်တွေနဲ့ဘဲ ဖော်စပ်နိုင်တာပါ "

ဆယ်ဟွန်းမှာ အပျော်တစ်ချို့ပျောက်ကွယ်သွားပြီး လုဟန်ကို ကြည့်လိုက်ကာ ဆံပင်များကို သပ်တင်ပေးလိုက်သည်။

" ဟန်လေး စိတ်ချ ကိုယ်လေ မင်းအတွက် ချောင်းနိုင်ငံက ဖြေဆေးကို ယူပေးမယ် "

သမားတော်ကြီးလည်း အနောက်သို့ဆုတ်ကာ ဆယ်ဟွန်းနှင့် လုဟန်ကို အရိုအသေပေးလိုက်ရင်း

" အရှင်မင်းကြီး အနားသေချာယူပါ ဒဏ်ရာတွေက သက်သာခါစဘဲရှိပါသေးတယ် အရှင့်ကျန်းမာရေးကောင်းမှ ကြင်ယာတော်လည်း ၀မ်းမြောက်ပါလိမ့်မယ် ကျွန်တော်မျိုး ကြင်ယာတော်နဲ့မင်းကြီးအတွက် ဆေးကျိုရဦးမှာမို့ ခွင့်ပြုပါဦး "

" ကောင်းပါပြီ သမားတော်ကြီး "

ဆယ်ဟွန်းမှာ နန်းတွင်းသမားတော်ကြီးကို ပြန်ရန် အခွင့်ပြုလိုက်သည်။

" အင်း....ဟင်း..... "

" ဟန်လေး...သတိရပြီလားဟင် ဟန်လေး..... ကိုယ်ရှိတယ်....."

ညည်းညူကာ မျက်တောင်များကို ပုတ်ခတ်ရင်း နိုးလာသော လုဟန်ကို ဆယ်ဟွန်းမှာ ၀မ်းသာတကြီးဖြင့် ကြည့်နေလေသည်။

Empire's Soul MateWhere stories live. Discover now