Zawgyi #
အုန်းခွံရောင် မြင်းညိုကြီးမှာ တိုက်မြင်းတစ်ကောင်၏ ကြံရည်လက္ခဏာနှင့် ပြည့်နေလေသည်။ အဖြူရောင် အ၀တ်အစားနှင့် နှင်းပွင့်ဖတ်လေးတစ်ခုလို လှနေသော လုဟန်မှာ မြင်းညိုကြီး၏ လည်ဆံမွှေးများကို သဘောတကျပွတ်သပ်နေလေသည်။ ဆယ်ဟွန်း စိတ်မချသောကြောင့် တပ်ထားသည့် ဇာပါး မျက်နှာဖုံးမှာ လုဟန်နှင့်လိုက်ဖက်လွန်းလှသည်။ ခရီးနှင်လာသည်မှာ နေ့တစ်ပိုင်းခန့်ရှိနေပြီး ညနေမစောင်းခင် မြို့တော်သို့အမှီသွားရမည်ဖြစ်သည်။
မြင်းတစ်စီးတည်းနှင့် ခရီးနှင်လာသည့်အပြင် ၊ လုဟန် ခရီးပန်းမည်ကို စိုးရိမ်သောကြောင့် တဖြည်းဖြည်းချင်းသာ စီးနှင်လာသဖြင့် အချိန်ကြန့်ကြာနေခြင်းဖြစ်သည်။
" ဟန် မောနေသေးလား "
" အရှင်ကလည်း မေးရော့မယ် ကျွန်တော်က မောစရာလား မုန်တိုင်းကြီး (မြင်းနာမည်) ကသာ လူနှစ်ယောက်ကို တင်ပြီး ခရီးနှင်နေရတော့ သူဘဲပင်ပန်းနေမှာ "
" ဟုတ်ပါပြီ....ရော့ရေသောက်လိုက်ဦး ကိုယ် ဒီကောင်ကြီးကို ဟိုနားက စမ်းချောင်းမှာ ရေသွားတိုက်လိုက်ဦးမယ် "
" ဟုတ်ကဲ့ အရှင် "
ဆယ်ဟွန်းမှာ သူ၏လက်ထဲမှာ သားရေဖြင့်ပြုလုပ်ထားသော ရေဘူးကို လုဟန်လက်ထဲသို့ထည့်ပေးကာ မြင်းညိုကြီးကို ကြိုးမှ ဆွဲပြီး စမ်းချောင်းရှိရာသို့ခေါ်ဆောင်လာခဲ့သည်။ ဆယ်ဟွန်းမှာ လုဟန်နှင့်အတူ ခရီးအတူသွားနေရသဖြင့် စိတ်လက်ပေါ့ပါးလန်းဆန်းနေသော်လည်း ရှေ့ဆက်ပြီး လုဟန်၏ လုံခြုံးရေးအတွက်လည်း မည်သို့လုပ်ရမည်ကိုလည်း တွေးနေမိသည်။
" အရှင် ဘာဖြစ်နေတာလဲ "
လုဟန်မှာ ဆယ်ဟွန်းရှိရာသို့ လျှောက်လာကာ မျက်နှာကို အကဲခတ်နေလေသည်။
" ဘာမှမဖြစ်ပါဘူး ဟန် ရဲ့ မြို့တော်ကို ရောက်ခါနီးပြီဆိုတော့ ကိုယ် မယ်မယ့်ကို သတိရမိနေလို့ပါ "
" အရှင်ရယ် "
လုဟန်မှာ ဆယ်ဟွန်းမျက်နှာကို ငေးငေးလေးကြည့်ကာ ဖက်လိုက်လေသည်။
YOU ARE READING
Empire's Soul Mate
Fanfictionကံကြမ္မာအလှည့်အပြောင်းနှင့် ဘုရင်ဖြစ်လာမည့် ကောင်လေး မွေးဖွားလာကတည်းက ဘုရင်ဖြစ်မည့်သူအတွက် ဖူးစာဖက်အဖြစ်သတ်မှတ်ခံရပြီးသော နှောင်ချုပ်ခံထားရသည့် ချောလွန်းလှသည့်ကောင်လေး ထိုသူနှစ်ဦး၏ ဆုံတွေ့မှုမှသည် ဖြစ်ပေါ်လာသော အချစ်ပုံပြင်တစ်ပုဒ် ကံကြမ္မာအလှည့်အပြေ...