Soul Mate 33

169 26 2
                                    

Zawgyi #

စိမ်းညို့သော သစ်ပင်ကြီးများဖြင့် အုပ်ဆိုင်းနေသော ဘတ်ဒူတောင်တန်းပေါ်တွင် ဆောင်းရာသီ၏ ဒဏ်ကို မမှုဘဲ ဆေးမြစ်များ ၊ ဆေးဖက်ဝင် အပင်များကို တူးဆွနေသော လူနှစ်ယောက်ရှိလေသည်။ ခန္ဓာကိုယ်ပိုသေးသွယ်သော လူသည် နာရီပိုင်းခန့်ကြာသော် သူ၏ကျောမှ လွယ်ထားသော ဆေးမြစ်ထည့်ထားသည့် ကြိမ်ပလိုင်းလေးကို ဖြူတ်လိုက်လေသည်။ ပြီးနောက် ခါးတွင် ချိတ်ထားသော ဘူးသီးခြောက်ကို ဖြုတ်ကာ ရေတစ်ကျိုက်ကို အားရပါးရသောက်လိုက်လေသည်။

" ချန်း နားဦးလေ တစ်မနက်လုံး ဆေးမြစ်တွေ ခူးရတာ မပင်ပန်းသေးဘူးလား "

ဘတ်ဟွန်းမှာ ကုန်းကုန်းကွကွဖြင့် ဆေးမြစ်တူးနေသော ချန်းယောလ်ကို ကြည့်ကာ ဆိုလိုက်လေသည်။

" မပင်ပန်းသေးပါဘူး သခင်လေးရဲ့ ဒါလေးပြီးတာနဲ့ စမ်းချောင်းသွားပြီး ခြေလက်သန့်စင်ပြီးတာနဲ့ နေ့လည်စာစားတာပေါ့ ဒါတွေထားလိုက်ပါ သခင်လေးနားဦး "

ချန်းယောလ်မှာ ဘတ်ဟွန်းခူးထားသော ဆေးသစ်ပင်များကို သူ့အစုနှင့် သူ စုစည်းလိုက်ကာ ကြိမ်ခြင်းတောင်းထဲသို့ထည့်လိုက်သည်။ အုတ်ဂျာမှာ ပြန်မလာသေးသဖြင့် ဘတ်ဟွန်း ဆေးမြစ်ရှာရန် တောထဲသို့သွားတိုင်း ချန်းယောလ်မှာ အဖော်လိုက်ဖြစ်သည်။ သိပ်မကြာခင်ပင် ချန်းယောလ်မှာ ခူးလက်စ ဆေးမြစ်များကို သိမ်းဆည်းပြီးသည်နှင့် စမ်းချောင်းရှိရာသို့ ဘတ်ဟွန်းနှင့်အတူထွက်လာပြီး ညစ်ပေနေသော ခြေ ၊ လက်များကို ဆေးကြောလိုက်ပြီး နေ့လည်စာအတွက် ထုတ်ပိုးလာသော ထမင်းထုတ်များကို ထုတ်လိုက်သည်။

ထမင်းထုတ်ဆိုပေမဲ့ အထူးအထွေ မဟုတ် ချန်းယောလ်ကိုယ်တိုင်လုပ်ထားသည့် ကြက်ဥလိပ်ကြော် ၊ အာလူးပြုတ်တို့သာဖြစ်လေသည်။ ယောကျာ်းလေးများဖြစ်၍ တောထဲသို့အလွယ်ကူသယ်လာနိုင်သော အစားအစာများကိုသာ ယူဆောင်လာခဲ့ရသည်။ ခြေလက်ဆေးပြီးနောက် စမ်းချောင်းဘေးရှိ သစ်ပင်ကြီးအောက်မှ ကျောက်တုံးကြီးပေါ်တွင် နှစ်ယောက်သား ထိုင်ရန် ချန်းယောလ် ကိုယ်တိုင်ပင် နေရာကို ရှင်းလင်းလိုက်သည်။

Empire's Soul MateWhere stories live. Discover now