Zawgyi #
" ဘယ်သူလဲ "
လူသူကင်းရှင်းကာ တိတ်ဆိတ်နေသော ပတ်ဝန်းကျင် ၊ ထွန်းညှိထားသော မီးရောင်အောက်တွင် ယိမ်းထိုးနေသော အရိပ်များကြားမှ တရှပ်ရှပ် ပေါ်ထွက်လာသော ခြေသံတို့ကြောင့် ဘတ်ဟွန်းသည် နောက်ကျောမလုံစွာဖြင့် ဘေးဘီဝဲယာကို ဝေ့ကြည့်လိုက်ရင်း အသံကျယ်ကျယ်ဖြင့် မေးလိုက်သည်။
ကြက်သွေးရောင် ပိုးသားချည်ပေါ်တွင် နဂါးရုပ်ပုံချည်ထိုးထားသည့် ၀တ်ရုံကိုဝတ်ဆင်ထားသော လူတစ်ယောက်သည် ဘတ်ဟွန်းမျက်နှာချင်းဆိုင်ရှိ တိုင်လုံးနောက်ကွယ်မှ ထွက်လာလေသည်။
ချောမောရုပ်ရည်နှင့် ၀တ်ဆင်ထားပုံအရ သာမန် ၀န်ကြီးမူးမတ် အဆင့်အတန်းထဲက မဟုတ်သလို ၊ ဟန်နိုင်ငံ၏ ၀တ်စားဆင်ယင်ပုံနှင့် ကွဲထွက်နေသည်ကို ဘတ်ဟွန်း သတိပြုမိလိုက်လေသည်။
" ဒီကလူကြီးမင်းက ...."
" သမားတော် ဘတ်ဟွန်းထင်ပါရဲ့ ........... တွေ့ရတာ ၀မ်းသာပါတယ် "
" ဟင်.... လူကြီးမင်းက ကျွန်တော့်ကို ဘယ်လိုသိနေတာလဲ "
ခပ်ပြုံးပြုံးကြည့်နေသော ထိုလူ၏ပုံမှာ တစ်စုံတစ်ယောက်နှင့် တူလွန်းလှသဖြင့် ဘတ်ဟွန်းမှာ စဉ်းစားနေရသည်။ မြို့တော်တွင် ရှိနေစဉ်ကလည်း အပြင်သို့မထွက်ဖူးသလို အိမ်တော်သို့ လာဖူးသူတိုင်းလည်း ဘတ်ဟွန်းကို မြင်တွေ့ဖူးသူဟူ၍ မရှိသလောက်နည်းပါးသည်။
" သမားတော်လေး အဲ... ကျွန်တော်က သင့်ကို ယောက်ဖတော်လို့ ခေါ်မယ်ဆိုရင် ပိုသင့်တော်မယ် ထင်ပါရဲ့ "
" ဟင်... ဒါ...ဒါ...ဆို လူကြီးမင်းက..... "
" ဟုတ်ပါတယ် ကျွန်တော်က အစ်ကိုတော် ချန်းယောလ်ရဲ့ ညီ ဆယ်ဟွန်းပါ ....."
" အာ.... ကျွန်တော်မျိုး ရိုင်းသွားရင် ခွင့်လွှတ်ပါ ....အရှင်.... "
" မဟုတ်တာပါဗျာ.... ကျွန်တော်ကသာ ယောက်ဖတော်ကို စိုးရိမ်ထိတ်လန့်စေမိလို့ ...တောင်းပန်ပါရစေ...
အစ်ကိုတော်က လက်ရှိ တည်းခိုဆောင်မှာ တခြားကိစ္စလေးတွေရှိနေလို့ ယောက်ဖတော်ဆီကို မလာနိုင်လို့ ကျွန်တော်က ကိုယ်စား သတင်းလာပါးရတာပါ "
YOU ARE READING
Empire's Soul Mate
Fanficကံကြမ္မာအလှည့်အပြောင်းနှင့် ဘုရင်ဖြစ်လာမည့် ကောင်လေး မွေးဖွားလာကတည်းက ဘုရင်ဖြစ်မည့်သူအတွက် ဖူးစာဖက်အဖြစ်သတ်မှတ်ခံရပြီးသော နှောင်ချုပ်ခံထားရသည့် ချောလွန်းလှသည့်ကောင်လေး ထိုသူနှစ်ဦး၏ ဆုံတွေ့မှုမှသည် ဖြစ်ပေါ်လာသော အချစ်ပုံပြင်တစ်ပုဒ် ကံကြမ္မာအလှည့်အပြေ...