Soul Mate 34

183 26 2
                                    

Zawgyi #

နေပြည်တော်ရှိ အိမ်တော်ထဲတွင်သာနေရသဖြင့် တစ်ခါမျှတိုက်ခိုက်ဖူးခြင်းမခံရသော ဘတ်ဟွန်းသည် တောတွင်းဓားပြကြောင့် ပြေးမိပြေးရာ ပြေးနေမိသည်။ ကြောက်လွန်းသည့်စိတ်ကြောင့် ဘယ်ရောက်လို့ဘယ်ပေါက်မှန်းမသိပေ။

အ့ 

မြေပြင်သို့ထိုးထွက်နေသည့် သစ်မြစ်တစ်ခုကြောင့် ဘတ်ဟွန်းမှာ ပုံလျှက်သား မြေပြင်ပေါ်သို့ လဲကျသွားလေသည်။

အား.....

အဆစ်လွဲသွားပုံရသော ခြေကျင်းဝတ်ကြောင့် မြေပြင်ပေါ်မှ ဘတ်ဟွန်းမထနိုင် ။

" ဟား...ဟား... မင်း မပြေးနိုင်တော့ဘူးမလား "

" မင်းမှာပါတာကို အေးဆေးပေးမယ်ဆိုရင် ငါအေးဆေးလွှတ်ပေးမယ် "

" ငါ့မှာ ဘာမှမရှိဘူး "

" ဟက် ဟက် လိမ်မနေနဲ့ "

ဓားပြခေါင်းဆောင်မှာ ဘတ်ဟွန်းနားတွင် ကိုယ်ကိုကိုင်းကာ ထိုင်ချလိုက်ပြီး ဘတ်ဟွန်းလွယ်ထားသော အိတ်ထဲသို့ မွှေနှောက်ရှာလိုက်သည်။ သစ်မြစ် ၊ သစ်နွယ်များသာ ထွက်လာသဖြင့် စိတ်ပျက်ကာ ၊ ကြည်စင်နေသော မျက်ဝန်းအလှနှင့် ဘတ်ဟွန်း၏ အုပ်ထားသော ပုဝါစကို စိတ်ဝင်စားမိသွားသည်။

" ဘာလဲ မင်းမျက်နှာက ဘာဖြစ်နေလို့ဖုန်းထားရတာလဲ မဟုတ်မှလွဲရော မင်းက မိန်းကလေးမလား "

" မဟုတ်ဖူး ကျွန်တော်က ယောကျာ်းလေး "

" ဟား...ဟား.... ဒါဆိုလည်းပိုကောင်းတာပေါ့ အရသာ အသစ်အဆန်းကို မြည်းစမ်းရတာပေါ့ "

" ခင်ဗျား မိုက်ရိုင်းလှချည်လား "

ဘတ်ဟွန်းမှာ ခြေထောက်နာနေသောကြောင့် တရွတ်တိုက်ကိုယ်တစ်ပိုင်းဖြင့်နောက်သို့တိုးကာ ဆုတ်သွားလေသည်။ ဓားပြခေါင်းဆောင်မှာ ဘတ်ဟွန်းကို ခြေထောက်မှ ဖိကိုင်ကာ သူ၏ အနီးကို ဆွဲယူပြီး တစ်ချက်ရိုက်ကာ မျက်နှာမှ ပုဝါစကို ဆွဲဖြုတ်ရန်အပြင်

အား................

ရဲကနဲသွေးများမှာ ဘတ်ဟွန်း၏မျက်နှာသို့လာစင်လေကာ သူ၏ရှေ့မှ ဓားပြမှာ လဲကျသွားလေသည်။

Empire's Soul MateWhere stories live. Discover now