Soul Mate 31

196 26 6
                                    

Zawgyi #

လေပြည်အေးမှာ တညင်းညင်းတိုက်ခတ်နေမှုကြောင့် လသာဆောင်အတွင်း ထိုင်နေသော လုဟန်၏ ၀တ်ရုံမှာ တလွင့်လွင့်လူးလျှက်ရှိသလို ၊ မစည်းနှောင်ထားသော ဆံနွယ်ပျော့အိအိတို့မှာ လေအဝေ့တွင် ဖွာရရာကြဲလျှက်ရှိလေသည်။ တောင်စဉ်ရေမရ စဉ်းစားနေမိသောကြောင့် ပတ်ဝန်းကျင်မှ အဖြစ်အပျက်များကို မေ့လျော့လျှက် လုဟန်မှာ ကြည်လင်နေသော ကန်ရေပြင်ကိုသာ တွေတွေလေး ငေးလျှက်ရှိလေသည်။

" အဟွတ်...အဟွတ်.... "

လည်ချောင်းတစ်လျှောက် ခြောက်ကပ်ကာ ညာဘက်ရင်အုံမှာ ထိုးအောင့်လာသည့်အချိန်နှင့်အတူ ပျို့တက်လာသောကြောင့် လသာဆောင်၏ ကျွန်းတိုင်ကြီးကို မှီလိုက်ကာ ထိုင်ချမည်လုပ်ခိုက် လက်မောင်းနှစ်ဖက်ကို ဆုပ်ကိုင်ကာသောကြောင့် လုဟန် မော့ကြည့်မိလိုက်သည်။

" ဟန်လေး ဘာဖြစ်လို့လဲ နေလို့မကောင်းဘူးလား "

မည်သည့်အချိန်ကရောက်နေသည်မသိသော်လည်း ဆယ်ဟွန်း၏ မျက်ဝန်းထဲတွင် စိုးရိမ်မှုမြင့်တက်နေကြောင်း လုဟန် မြင်တွေ့လိုက်ရသဖြင့်

" အရှင် မစိုးရိမ်ပါနဲ့ ကျွန်တော် အစာမကြေသလိုဖြစ်နေလို့ပါ "

ခပ်ဖျော့ဖျော့ပြုံးကာ ဆိုလာသော လုဟန်မှာ မိမိကိုလိမ်ညာနေမှန်း ဆယ်ဟွန်းအလိုလိုသိနေသည်။ အမြဲတမ်း မိမိ(ဆယ်ဟွန်း) ကို ဦးစားပေးစဉ်းစားတတ်သော လုဟန် ၊ မိမိအတွက်နဲ့ ယခုလို အဆိပ်ဒဏ်ကို ခံစားနေရသည်ကို မကြည့်ရက်နိုင်။

" အသားတွေအေးနေတာဘဲ လာ ကိုယ်နဲ့အတူ အဆောင်ထဲ ၀င်ရအောင်နော် "

" ဟုတ်ကဲ့ "

အားမရှိသော ကိုယ်လုံးလေးကို အသာတွဲခေါ်ကာ လသာဆောင်မှ ထွက်ခိုက်

ဝေါ့...............

မည်းညစ်နေသော သွေးများကို အန်ချကာ လုဟန်သည် ခွေယိုင်ကာ ဆယ်ဟွန်းရင်ခွင်ထဲတွင် ခွေကြသွားတော့သည်။

" ဟန်လေး..... "

ဂန်ရှန့်ကုန်း ၊ နမ်ကုန်းကုန်း တော်ဝင်သမားတော် အမြန်ခေါ် ဘာကြောင်ကြည့်နေတာလဲ

Empire's Soul MateWhere stories live. Discover now