Soul Mate 25

227 31 6
                                    

Zawgyi #

" အရှင်မင်းကြီး ကြွချီလာပါပြီ ......."

ခမ်းနားလှသော အနီရောင် ၀တ်ရုံဖြင့် ဆယ်ဟွန်းသည် နောက်လိုက်အပါးတော်မြဲများနှင့်အတူ ညီလာခံသို့ ရောက်ရှိလာလေသည်။ အမတ်များအားလုံးမှာ တစ်ယောက်နှင့် တစ်ယောက်ကြည့်လိုက်ပြီး အားလုံးအတူ ဆယ်ဟွန်းကို အရိုအသေ ပြုလိုက်ကြသည်။

" ဒီနေ့အတွက် ချောင်းနိုင်ငံနဲ့ သံတမန်ဆက်ဆံရေးကိစ္စ အခြေအနေကို အရင်ဆုံး တင်ပြစေချင်တယ် "

အရှင်မင်းကြီး ကျွန်တော်တို့ဆီက သံတမန်များ သွားရောက်ဆွေးနွေးပြီး ကုန်သွယ်ရေး နဲ့ အခြားကူးသန်းရောင်းဝယ်ရေးတွေကို ချောင်းဘုရင် ယွင်ဟန်ကို တိုက်ရိုက်တွေ့ဆုံဆွေးနွေးဖို့ လျှောက်တင်ထားကြောင်း အကြောင်းကြားစာရောက်လာပါတယ် "

" အင်း ... ကောင်းပြီ ..အဲ့အခွင့်အရေးကို အမိအရ ဆုပ်ကိုင်ပါလို့ အကြောင်းပြန်လိုက်ပါ အမတ်ကြီး "

မင်းတိုင်ပင်ခံ အမတ်ကြီး လီထယ်အွန်းသည် နယ်စပ်ရေးနှင့် သံတမန်ရေးများကို တင်လျှောက် ဆွေးနွေးပြီးနောက် .....

" အရှင်မင်းကြီး မကြာခင် ဆောင်းတွင်းသို့ရောက်ပါတော့မယ် တော်ဝင်မျိုးနွယ်တွေရဲ့ အမဲလိုက်ပွဲတော်ကို ကျင်းပဖို့ သင့်နေပါပြီ ဤအရေးနဲ့ပတ်သက်ပြီး အရှင်မင်းကြီး အနေနဲ့ ဘာတွေများ ထပ်မံ ဖြည့်စွက်ချင်သလဲ ကျွန်တော်မျိုး သိချင်ပါတယ် "

" အင်း... ဟုတ်သားဘဲ .... တစ်နှစ်မှ တစ်ခါလုပ်တဲ့ပွဲဆိုပေမဲ့ တော်ဝင်မျိုးဆက်တွေ အပန်းဖြေတဲ့ ပွဲမို့ အချော်အချွတ်မဖြစ်စေချင်ဘူး ဟန်နိုင်ငံက ယောက်ဖတော်လည်း လာမှာမို့ သေချာဂရုစိုက်စေချင်တယ် "

" ဟုတ်ကဲ့ပါ ကျွန်တော်မျိုးသေချာ လုံခြုံရေးချပြီး စောင့်ကြပ်ခိုင်းပါ့မယ် "

" ဒါနဲ့ အမတ်ကြီး ဒီတစ်ခေါက်ပွဲမှာ သုံးမယ့် မြင်းတွေကို သေချာ ပြင်ဆင်ထားပါ "

" ဟုတ်ကဲ့ သေချာစီစဉ်ပေးပါ့မယ် အရှင်မင်းကြီး "

Xxxxxxxxxxxxx

ဆယ်ဟွန်းမှာ ညီလာခံမှ ဆင်းလာပြီးနောက် တပ်သားများ လေ့ကျင့်ရေးကွင်းရှိရာသို့ရောက်လာခဲ့သည် ။ လုဟန်ကို ကြင်ယာတော် တင်မြောက်ပြီးနောက် မင်းသားတို့တပ်အပ်သည့် စာပေ ၊ အနုပညာ ၊ တခြားသော မြင်းစီး ၊ ဓားရေးတို့ကို သင်စေခဲ့သည်။ သင်ယူမှုမှာ နှစ်ပတ်အချိန်အတွင်း စာပေနှင့် အနုပညာတွင် သူမတူအောင် နန်းတွင်းရှိ အမတ်များထက် နှံ့စပ်သော်လည်း ဓားရေးတွင် အခက်အခဲဖြစ်နေသောကြောင့် လုဟန်သည် မြားပစ်ခြင်း အတတ်ကိုသာ သင်ယူနိုင်ခဲ့သည်။ လေကျင့်ရေးဝတ်စုံ ခရမ်းရောင်နှင့် ဆံနွယ်များကို ထိပ်တွင် အကုန်လုံးစုသိမ်းကာ ထုံးထားပြီး ပိုးနဖူးစည်းခရမ်းရောင်ကို စည်းထားသော လုဟန်၏ မြားပစ်လေ့ကျင့်နေခြင်းကို ဆယ်ဟွန်းသည် အမြတ်တနိုးဖြင့် ငေးကြည့်နေလေသည်။ မနက်ခင်းနေရောင်အောက်တွင် အလယ်စက်ဝိုင်းကို မထိမချင်း ရပ်တန့်ခြင်းမရှိ လေ့ကျင့်နေသော ကောင်လေးသည် ချွေးများစိုရွှဲကာ မြားကို တစ်ချောင်းပြီးတစ်ချောင်း အဆက်မပြတ် ပစ်လွှတ်ကာ လေ့ကျင့်နေသည်။

Empire's Soul MateWhere stories live. Discover now