Zawgyi #
တော်ဝင်ကြင်ယာတော်တင်မြောက်လိုက်ပြီဆိုသော အမိန့်ပြန်တမ်းထွက်လာချိန်တွင် ညီလာခံတစ်ခုလုံး အုံးအုံးကြွက်ကြွက်ဖြစ်လာတော့သည်။ အမတ်များမှာလည်း မည်သည့်သတင်းအစအနမျှပင်မရလိုက်ပါဘဲ ကြင်ယာတော်ဆိုသည့် စကားကြောင့် ခေါင်းချင်းဆိုင်ကုန်ကြသည်။
" အရှင်မင်းကြီး အမျိုးသားတစ်ယောက်က တော်ဝင်ကြင်ယာတော်ဖြစ်တယ်ဆိုတာ ဂျိုဆွန်းမင်းဆက်မှာမရှိခဲ့ဖူးတဲ့ အဖြစ်မို့ ပြန်လည်သုံးသပ်ပေးတော်မူပါ "
ဆယ်ဟွန်း၏ နန်းတက်မိဖုရား လီမြောင်ဟွာ၏ဖခင်ဖြစ်သူ မင်းတိုင်ပင်ခံအမတ်ကြီး လီထယ်အွန်းမှာ လျှောက်တင်လာလေသည်။ ဆယ်ဟွန်းမှာ နှုတ်ခမ်းစွန်းများကွေးတက်အောင် ပြုံးလိုက်ပြီး
" အမတ်ကြီး ဘာလဲ ဟိုတစ်နေ့က လီမြောင်ဟွာရဲ့ အဆောင်တော်ကို သွားတာ ကိုယ်တော်က မိဖုရား အပေါ် ဂရုမစိုက်ဘူးဆိုပြီး မောင်မင်းကို မိဖုရားက တိုင်လိုက်လို့လား "
မင်းတိုင်ပင်အမတ်ကြီးမှာ သူလျှောက်တင်သော စကားနှင့်ဆန့်ကျင်စွာ မိဖုရားအဆောင်ကို သွားသည့်ကိစ္စနှင့်ပတ်သက်ပြီး ဆယ်ဟွန်းမင်းကြီး ပြောလာသောကြောင့် ပျက်မလိုဖြစ်နေသည့် မျက်နှာကို ပြန်ပြင်လိုက်ပြီး
" ကျွန်တော်မျိုးကို မိဖုရားက မတွေ့တာကြာလို့ ရေနွေးကြမ်းသောက်ဖို့ခေါ်ရင်း သာကြောင်း မာကြောင်းမေးတာပါ မင်းကြီး "
" အဟား... မသိပါဘူး ကိုယ်တော် မောင်မင်းရေးကြီးသုတ်ပြာနဲ့ မိဖုရားအဆောင်ကို သွားတာမြင်လိုက်ရတော့ အရေးကြီးကိစ္စဘဲဆိုပြီး ထင်နေတာ "
မျက်ခုံးကို ပင့်ချီပြီး ပြောလာသော ဆယ်ဟွန်းကြောင့် အမတ်ကြီး လီထယ်အွန်းမှာ ကျောရိုးတစ်လျှောက် စိမ့်ကနဲဖြစ်သွားလေသည်။
" ဒါနဲ့ ခုနက ကိုယ်တော့်ကို မောင်မင်းလျှောက်တင်တာ အမျိုးသားကြင်ယာတော်ဆိုတာ ဂျိုဆွန်းမင်းဆက်မှာ မရှိဘူး ဟုတ်လား ဒါဆိုလည်းကောင်းတာပေါ့ အခုကစပြီး ကိုယ်တော်က တင်မြှောက်လိုက်တယ်ဆိုတာ သမိုင်းမှာ တွင်သွားတာပေါ့ "
YOU ARE READING
Empire's Soul Mate
Fanfictionကံကြမ္မာအလှည့်အပြောင်းနှင့် ဘုရင်ဖြစ်လာမည့် ကောင်လေး မွေးဖွားလာကတည်းက ဘုရင်ဖြစ်မည့်သူအတွက် ဖူးစာဖက်အဖြစ်သတ်မှတ်ခံရပြီးသော နှောင်ချုပ်ခံထားရသည့် ချောလွန်းလှသည့်ကောင်လေး ထိုသူနှစ်ဦး၏ ဆုံတွေ့မှုမှသည် ဖြစ်ပေါ်လာသော အချစ်ပုံပြင်တစ်ပုဒ် ကံကြမ္မာအလှည့်အပြေ...