Soul Mate 41

172 25 9
                                    

Zawgyi #

ဤရင်ခွင်ကျယ်နှင့် ယခုလို အပွေ့အဖက်ကို လုဟန်လွမ်းနေသည်မှာ ၃လနီးပါးပင်ရှိလုပြီ။

" ဟန်လေး...... ဟန်လေးပါနော်...... "

"သတိရနေတာ အရှင် "

"ကိုယ်ရောဘဲ "

ထပ်ပြီးပျောက်ကွယ်သွားမည်ကို စိုးသောကြောင့် ရင်ခွင်ထဲနစ်မြုပ်လုမတတ် ပွေ့ဖက်ထားသည်မှာ မည်မျှ ကြာသွားသည်မသိ ၊ လုဟန်ဆီမှ တိုးညင်းသော သတိရစကားထွက်လာချိန်တွင် ဆယ်ဟွန်းသည် လက်မောင်းများကို အသာဖြေလျော့ကာ လုဟန်၏ပါးနှစ်ဖက်ကို လက်ဝါးဖြင့် ဖွဖွအုပ်ကိုင်ကာ တစ်ကိုယ်လုံးကိုလည်း စစ်ဆေးကြည့်နေလေသည်။

ဖြူလွသော ပိုးထည်ဝတ်စုံ ၊ နှစ်သက်မြတ်နိုးရပါသော ဆံနွယ်အိအိတို့မှာ အဖြူရောင်စွတ်စွတ်ပြောင်းနေလျှက် ယခင်ကထက်ပိုကြည့်ကောင်းကာ ပန်းပွင့်ဖြူလေးတစ်ပွင့်ကဲ့သို့လှလာသော လုဟန်ကို ဆယ်ဟွန်းငေးကြည့်နေမိသည်။

" အရှင်.... အရှင်...."

လက်မောင်းကို လှုပ်ကိုင်ကာ ခေါ်လာပါမှ အသိပြန်ဝင်လာသော ဆယ်ဟွန်း

" ဟန်လေး ကိုယ်အရမ်းလွမ်းနေခဲ့တာ ၊ ဒါနဲ့ ဆံပင်တွေက ဘယ်လိုဖြစ်သွားတာလဲ ပြီးတော့ ဟန်လေးက ဘာလို့ ဒီမှာရောက်နေတာလဲ ဘယ်လိုဖြစ်သွားရတာလဲ ကိုယ်သေချာမှာထားတယ်လေ ကိုယ့်ကိုစောင့်နေပါဆိုတာကို "

ဆံပင်ဖြူဖြူကို ပွတ်သပ်ကိုင်တွယ်ရင်း မေးခွန်းများကို တရဆက် ဆယ်ဟွန်းမေးလာလေသည်။

" အဲတာက အဆိပ်ဖြေဆေးကြောင့်လို့ ဘိုးဘိုးကပြောတယ် ဒီနေရာကို ရောက်နေတာကလေ..."

လုဟန်မှာ ဖြေရခက်နေကာ ခေါင်းကို ငုံ့ချလိုက်သောကြောင့် ဆယ်ဟွန်းလည်း ကိုယ်လုံးသေးသေးလေးကို ထပ်မံပွေ့ဖက်လိုက်ပြီး ကျောပြင်ငယ်ကို ပွတ်သပ်ကာ

" ဟုတ်ပါပြီ ဟန်လေး ဖြေရခက်နေလဲ မဖြေနဲ့တော့ ဒါပေမဲ့ ကိုယ်နဲ့နန်းတော်ပြန်လိုက်ခဲ့ "

" ဟို...ဟိုလေ.... အဲတာက ....."

ရင်ခွင်ထဲတွင် ခေါင်းအပ်ထားရာမှ ဖယ်ခွာကာ မော့ကြည့်လာသော လုဟန်မှာ ဆယ်ဟွန်းနှင့် ပြန်မလိုက်ချင်သည့်ပုံပေါ်နေလေသည်။

Empire's Soul MateWhere stories live. Discover now