Zawgyi #
" လင်ချီ .... လင်ချီ.... "
မိဖုရား မင်ယွီသည် သူ၏ ယာယီနန်းတဲရောက်သည်နှင့် သူမ၏အပျိုတော်တစ်ဦးဖြစ်သည့် လင်ချီကို အရှာခိုင်းတော့သည်။ မင်းကြီးဆယ်ဟွန်း နှင့် အစ်ကိုတော် ရန်ဝေတို့ တိုက်ခိုက်ခံရပြီး လုဟန်၏ဒဏ်ရာရလာသည်ကို သိရသဖြင့် မိဖုရားမင်ယွီသည် စိတ်က အဆိုးမရဖြစ်နေသည်။ တပ်သားများဆီမှ ပြောစကားအရ မိမိစီစဉ်ခိုင်းထားသည့်အတိုင်းမဟုတ်ပါဘဲ တစ်လွဲဖြစ်နေပုံပေါ်သည်မို့ လင်ချီကို ကိုယ်တိုင်ကိုယ်ကျတွေ့ပြီး မေးရန် ယာယီနန်းတဲသို့ အမြန်ပြန်လာခြင်းဖြစ်သည်။
တောတွင်းမှ ပြန်လာသော လင်ချီမှာ သစ်ပင်ကြီးတစ်ပင်နောက်တွင် အနက်ရောင် အ၀တ်အစားများကိုချွတ်လိုက်ပြီး အထုပ်အတွင်းတွင် ထည့်ဝှက်လိုက်သည်။ ပြီးနောက် အစောင့်တပ်သားများ၏ အခြေအနေကိုကြည့်ပြီး အပျိုတော်ဝတ်စုံကိုလဲလိုက်ကာ မိဖုရား၏ ယာယီနန်းတဲတွင်းသို့ဝင်လာလေသည်။
" မိဖုရား လင်ချီ အခစားဝင်ပါတယ် "
မိဖုရား မင်ယွီသည် အပျိုတော်လင်ချီကို မြင်သည်နှင့် မျက်နှာ ၀င်းပသွားကာ အခြားသော အပျိုတော်များကို နန်းတဲတွင်းမှ ထွက်စေပြီး လင်ချီ၏ လက်ကိုဆွဲကာ ပြင်ပမှ အခြေအနေများကိုကြည့်ပြီးနောက် နန်းတဲ၏ တံခါးရွက်ကို ပိတ်လိုက်သည်။
" လင်ချီ ပြောစမ်းပါဦး ဘယ်လိုကနေ ဘယ်လို ဖြစ်ရတာလဲ "
" ဒီလိုပါ မိဖုရား လင်ချီက အပြန်လမ်းမှာ စောင့်နေတဲ့အချိန် အရှင်ဆယ်ဟွန်းနဲ့ အရှင်ရန်ဝေတို့ပြန်လာကြပါတယ် ၊ တောတွင်းမှာထဲက တစ်ခုခုကြုံတွေ့ခဲ့ရတယ်ထင်ပါတယ် အားလုံး ဒဏ်ရာကိုယ်စီနဲ့ပါ လင်ချီက ကြင်ယာတော်ကို မြားနဲ့ပစ်ဖို့ချိန်ထားချိန်မှာဘဲ အနက်ရောင်လူတစ်စုပေါ်လာပြီး အတင်းတိုက်ခိုက်ပါတော့တယ် ၊ ဒဏ်ရာရထားပြီးသားဖြစ်နေလို့ အားလုံးလိုလို အရေးနိမ့်မလို ဖြစ်နေချိန်မှာ အရှင်ရန်ဝေက မီးကျည်ကိုဖောက်ပြီး လျှို့ဝှက်တပ်ဖွဲ့ကို ခေါ်လိုက်တာပါ အဲ့အချိန် လုပ်ကြံသူဘက်က အရှင်ဆယ်ဟွန်းကို ဦးတည်ပြီးပစ်လိုက်တဲ့ မြားကို ကြင်ယာတော်က ကိုယ်စားဝင်ခံပေးသွားတာပါ "
YOU ARE READING
Empire's Soul Mate
Fanfictionကံကြမ္မာအလှည့်အပြောင်းနှင့် ဘုရင်ဖြစ်လာမည့် ကောင်လေး မွေးဖွားလာကတည်းက ဘုရင်ဖြစ်မည့်သူအတွက် ဖူးစာဖက်အဖြစ်သတ်မှတ်ခံရပြီးသော နှောင်ချုပ်ခံထားရသည့် ချောလွန်းလှသည့်ကောင်လေး ထိုသူနှစ်ဦး၏ ဆုံတွေ့မှုမှသည် ဖြစ်ပေါ်လာသော အချစ်ပုံပြင်တစ်ပုဒ် ကံကြမ္မာအလှည့်အပြေ...