Soul Mate 62 (final) Zawgyi

231 16 17
                                    

Zawgyi #

အမတ်ကြီး လီထယ်အွန်းနှင့် ပတ်သက်သူမှန်သမျှ သက်ဆိုင်ရာအမှုအလျောက် အပစ်ပေးခြင်း ၊ ရာထူးမှ ထွက်စေခြင်းများ ပြုလုပ်ပြီးနောက် ဆယ်ဟွန်းမှာ နန်းတွင်းမှ လစ်လပ်သော ရာထူးများအတွက် တော်ဝင် ရာထူးစာမေးပွဲကျင်းပကာ ငယ်ရွယ်ပြီး ထက်မြက်သော အမတ်များကို ပြန်လည်ခန့်အပ်ထားသည်။

ဘုရင်ရန်ဝေမှာ ဘတ်ဟွန်းကုသပေးမှုနောက်တွင် ပြန်လည်သတိရလာပြီးနောက် ညီမဖြစ်သူအတွက် အတန်ကြာ ပူဆွေးနေလေသည်။ သို့သော် လင်ချီ၏ ထွက်ဆိုမှုနောက်တွင် မင်ယွီ ကြံစည်ခဲ့သော အမှုတို့ကို သိရှိပြီးနောက် စိတ်လျော့ကာ ဟန်နိုင်ငံသို့ ပြန်သွားခဲ့လေသည်။

လာမည့် ရက်ပိုင်းအတွင်း ချန်းယောလ်နှင့် ဘတ်ဟွန်း၏ တရားဝင်ထိမ်းမြားခြင်း မင်္ဂလာရှိသည်မို့ ဂျိုဆွန်းနန်းတွင်းတစ်ခုလုံး အလုပ်ရှုပ်နေကြသည်။ ချန်းယောလ်မှာ ဂျိုဆွန်းနိုင်ငံ၏ အတိုင်ပင်ခံ အမတ်ကြီး၏ရာထူးနှင့် ကာကွယ်ရေးနှင့် စစ်ဘက်ပညာသင်ကြားရေးတာဝန်ကို ယူထားကာ ဘတ်ဟွန်းမှာ ဂျိုဆွန်း၏ နန်းတွင်းသမားတော်ရာထူးကို တာဝန်ယူထားခဲ့သည်။ လုဟန်မှာလည်း ဂျိုဆွန်းနိုင်ငံ၏ တစ်ဦးတည်းသော ကြင်ယာတော် အဖြစ်ရောက်ရှိခဲ့သည်။

မြေးဖြစ်သူကို လက်မဆက်စေချင်သဖြင့် ကံကြမ္မာကို ရှောင်လွှဲရန်ကြိုးစားခဲ့သော သမားတော်ကြီးမှာလည်း ဆယ်ဟွန်း၏ တောင်းဆိုမှုကြောင့် အဆုံးတွင် ချန်းယောလ်နှင့် လက်ဆက်ရန် သဘောတူလိုက်ရသည်။

" ဟန်လေး... ပျင်းနေပြီလား "

နေ့စဉ်ရက်ဆက်သလို နိုင်ငံတော် ပြန်လည်ထူထောင်ဖို့နှင့် အလုပ်ရှုပ်နေသော ဆယ်ဟွန်းသည် အနားမရသည်မှာ သုံးလေးလကြာမြင့်ခဲ့ပြီဖြစ်သလို ၊ လုဟန်မှာလည်း တဖြည်းဖြည်းကိုယ်ဝန်ရင့်မာလာပြီ ဖြစ်သည်။ အမျိုးသားကြင်ယာတော် တစ်ယောက်အနေနှင့် ကိုယ်ဝန်ဆောင်နိုင်သည်မို့ အားလုံးအံ့အားသင့်နေကြသည်။

လုဟန်၏ လုံခြုံရေးအတွက် အတွင်းလျှို့ဝှက်ဆောင်ကို ချန်းယောလ် ၊ ဘတ်ဟွန်းနှင့် သတ်မှတ်ထားသော အစောင့်များမှ လွဲပြီး မည်သူမျှ ၀င်ခွင့်မရှိ။

Empire's Soul MateWhere stories live. Discover now