Soul Mate 50

178 27 10
                                    

Zawgyi #

" ဆယ်ဟွန်း ညီလေး "

" အစ်ကိုချန်းယောလ် "

မျက်နှာဖုံးကွာကျသွားအပြီးတွင် ညီအစ်ကိုနှစ်ယောက်မှ တစ်ယောက်ကို တစ်ယောက်ကြည့်ကာ အံ့အားသင့်နေကြသည်။ တစ်ဦးကို တစ်ဦးဖက်လိုက်ပြီးနောက်

" အစ်ကိုချန်းယောလ် ဘယ်တွေပျောက်နေတာလဲဗျာ ကျွန်တော် စုံစမ်းပြီး ဘတ်ဒူတောင်တန်းနားက မြို့ကိုလိုက်လာတော့မလို့"

" မင်းသမီးယုံးယုံးကို ပို့ဆောင်ပြီးအပြန်တိုက်ခိုက်ခံလိုက်ရပြီး ဒဏ်ရာတွေနဲ့သတိမေ့ပြီးနောက်ပိုင်း အတိတ်ခဏမေ့သွားတာ ပြန်သတိရတာ မကြာသေးပြီး နောက်ပြီး မယ်မယ်တို့ရဲ့အဖြစ်တွေကို သိရပေမဲ့ မင်းအကြောင်းကို စုံစမ်းရင်း မြို့ကို ပြန်လာခဲ့တာ "

" အရှင်..... "

အိမ်တိုင်အကွယ်နောက်တွင် ရှိနေသော လုဟန်မှာ ဆယ်ဟွန်းတို့နှစ်ဦး၏ပုံကို ကြည့်ရင်း မ၀ံ့မရဲဖြင့်ထွက်လာကာ ဆယ်ဟွန်းဘေးတွင် လာရပ်လေသည်။

" ဆယ်ဟွန်း...သူက....."

ချောမောသော လုဟန်၏ပုံကို အကဲခတ်ရင်း ဆယ်ဟွန်းနှင့် ပတ်သက်သည့်ပုံကို ချန်းယောလ် သတိပြုမိသော်လည်း အတည်ပြုလိုသောကြောင့် မေးခွန်းထုတ်လိုက်သည်။

" အစ်ကို သူ့နာမည်က လုဟန် ကျွန်တော့်ရဲ့ကြင်ယာတော် "

ဆယ်ဟွန်း၏တစ်ဦးတည်းသော အစ်ကိုဖြစ်သူကို လုဟန်သည် ထိတ်လန့်သည့်ဟန်ဖြင့် ကြည့်နေကာ ဆယ်ဟွန်းနောက်ကျောတွင် ခပ်ကွယ်ကွယ်ရပ်နေရင်း

" အစ်ကိုတော် တွေ့ရတာ ၀မ်းသာပါတယ်ခင်ဗျာ ကျွန်တော့်နာမည် လုဟန်ပါ "

ချန်းယောလ်မှာ အပြုံးကြီးကြီးတစ်ခုကို မျက်နှာတွင်ချိတ်ဆွဲရင်း

" အင်း....အစ်ကိုလည်းတွေ့ရတာ ၀မ်းသာပါတယ် ညီလေး... ဆယ်ဟွန်းရဲ့ကြင်ယာတော်ဆိုတော့ ကိုယ့်ရဲ့ ယောက်ဖလေးပေါ့ ဟား...ဟား....ကြားခဲ့ရတဲ့သတင်းအတိုင်းပါဘဲ ငါ့ညီက အချောလေးကို ရထားတာဘဲ "

ခါးထောက်ကာ တဟားဟားရယ်နေသော ချန်းယောလ်ပုံရိပ်မှာ လုဟန်အား စိတ်တင်းကြပ်မှု တွေကိုပြေစေသည်။

Empire's Soul MateWhere stories live. Discover now