Zawgyi #
" ဟန်လေး နိုးပြီလား "
လုဟန်မှာစူးရှသောအလင်းရောင်ကြောင့် မျက်လုံးများကိုပွတ်သပ်ရင်းအိပ်ရာမှ နိုးထလာလေသည်။ ဆယ်ဟွန်းမှာမည်သည့်အချိန်က နိုးနေမှန်းမသိ ၀တ်စုံပြည့်ဖြင့် အိပ်ယာတစ်ဖက်ရှိ စားပွဲဝိုင်းတွင် ထိုင်နေပြီးလုဟန်ကို ပြုံး၍ကြည့်နေသည်။
" အရှင် ဘယ်သွားမလို့လဲ "
" အင်းကိုယ်ပြောပြမယ် အရင်ဆုံးအိပ်ယာက ထ မျက်နှာသစ် မနက်စာစားဦးမနေ့ကတစ်နေ့လုံးလည်းအိပ်ထားတာဗိုက်ထဲအစာမရှိဘူးမလား "
" ဟုတ်ကဲ့ အရှင် "
လုဟန်မှာစောင်ပုံများကြားထဲမှ ကြောင်ဖြူလေးတစ်ကောင်နှင့် တူလေသည်။ အိပ်ရာပေါ်မှ လျောဆင်းလာကာ ၀တ်ရုံရှည်မှာလည်းပုံကျနေပြီးဆယ်ဟွန်းမျက်စိထဲတွင် လုဟန် အတော်ပင် ပိန်သွယ်သွားသည်ဟု မြင်နေလေသည်။
အ၀တ်အစားလဲ မျက်နှာသစ်ပြီးနောက် နှစ်ယောက်အတူမနက်စားပြီးချိန်တွင်
" ဟန်လေးဟိုဘက်ခန်းမှာကိုယ့်အစ်ကိုချန်းယောလ် ရှိတယ် ကိုယ်အခုယောက်ဖတော်ရဲ့ တော်ဝင်ကိုယ်လုပ်တော်ရွေးပွဲကို သွားရမယ် "
" ဟင်....ဒါဆို..... "
" ကိုယ် ဟန်လေးကိုခေါ်သွားချင်နေပေမဲ့ ဟန်လေးကိုလုပ်ကြံတဲ့ မင်ယွီကသူ့ရဲ့အစ်ကိုတော် ပွဲကိုလာတက်တာမို့ ကိုယ် ဟန်လေးကိုခေါ်သွားလို့မဖြစ်ဘူး "
" ဟုတ်ကဲ့ အရှင် ကျွန်တော်နားလည်ပါတယ် "
ဆယ်ဟွန်းမှာလုဟန်၏လက်လေးကိုဖွဖွကိုင်ကာ
" ကိုယ့်အစ်ကိုတော်ကဟန်လေးကိုစောင့်ရှောက်ပေးမှာမို့စိတ်မပူပါနဲ့ "
လုဟန်တစ်ယောက် ဆယ်ဟွန်းကိုစကားထပ်မဆိုဘဲအပြုံးဖြင့်သာတုံ့ပြန်လာတော့သည်။
ဆယ်ဟွန်းမှာ ၀တ်စုံလဲကာ တည်းခိုဆောင်အောက်တွင် အသင့်စောင့်နေသောကိုယ်ရံတော် တပ်ဖွဲ့နှင့်အတူဟန်နိုင်ငံ၏ နန်းတွင်းထဲသို့ဝင်လာခဲ့သည်။ ဟန်ဘုရင် ရန်ဝေမှာ မူးမတ်များနှင့် ညီလာခံပြီးချိန်တွင် အံကိုက်ပင် ဆယ်ဟွန်းရောက်လာသည့်အတွက် ဧည့်ခန်းမဆောင်တွင် ဆီးကြိုကာညီမတော်ဖြစ်သူမင်ယွီလည်းအတူရှိနေလေသည်။
YOU ARE READING
Empire's Soul Mate
Fanfictionကံကြမ္မာအလှည့်အပြောင်းနှင့် ဘုရင်ဖြစ်လာမည့် ကောင်လေး မွေးဖွားလာကတည်းက ဘုရင်ဖြစ်မည့်သူအတွက် ဖူးစာဖက်အဖြစ်သတ်မှတ်ခံရပြီးသော နှောင်ချုပ်ခံထားရသည့် ချောလွန်းလှသည့်ကောင်လေး ထိုသူနှစ်ဦး၏ ဆုံတွေ့မှုမှသည် ဖြစ်ပေါ်လာသော အချစ်ပုံပြင်တစ်ပုဒ် ကံကြမ္မာအလှည့်အပြေ...