Soul Mate 4

438 63 4
                                    

Zawgyi #

တောနက်ပိုင်းတစ်နေရာသို့ရောက်လာပြီးနောက် ကျောက်ဂူတစ်လုံးနားအရောက် ဆယ်ဟွန်းသည် မြင်းကိုရပ်တန့်လိုက်ပြီး သစ်ပင်တွင်ကြိုးချည်ကာ ကိုယ်တိုင်ကမူ သစ်ပင်ပေါ်သို့တွယ်တက်ကာ တစ်ညတာ အိပ်စက်ရန်ပြင်လိုက်သည်။ တောတောင်ထဲတွင် တောကောင်ကြီးများအန္တရာယ်ကိုရှောင်ဖို့အကောင်းဆုံးမှာ သစ်ပင်ပေါ်တွင်အိပ်စက်ခြင်းဖြစ်လေသည်။ တစ်နေကုန် တောထဲတွင် သွားလာနေရသောကြောင့် ပင်ပန်းကာ ဆယ်ဟွန်းအိပ်ပျော်သွားသော်လည်း ထူးဆန်းသော အသံတစ်ခုကြောင့် ညဦးယံတွင် နိုးလာလေသည်။ သီချင်းသံလိုလို ၊ လေချွန်သံလိုလို အသံတစ်သံမှာ နီးလာလိုက် ၊ ဝေးသွားလိုက်ဖြင့် သစ်ရွက်များကြားတွင်ပေါ်လာလေသည်။ မျက်လုံးများကို ပွတ်သပ်လိုက်ပြီးနောက် အကြောဆန့်ကာ သစ်ကိုင်းပေါ်တွင် ကျောမှီထိုင်လိုက်သည်။ရာသီဥတုကြည်လင်သည့်အခါကာလမို့ ကောင်းကင်တွင် ကြယ်လေးများကိုမြင်နေရသည်။ ထိုစဉ် သစ်ပင်အောက်ရှိ မြင်းနက်ကြီးမှာ နှာတရှုးရှုးမှုတ်သံများထွက်လာလေသည်။ ဆယ်ဟွန်း မသင်္ကာတော့မသဖြင့် တစ်ဖက်သစ်ကိုင်းကို ကူးကာ တောလမ်းလေးကို ကြည့်လိုက်သည်။ မှုန်ဖျဖျအလင်းရောင်တစ်ခုမှာ ဝေးသောနေရာမှ တရွေ့ရွေ့ဖြင့် တောအုပ်တွင်းရှိ သစ်ပင်များကြားတွင်ပေါ်လာလေသည်။ မြူခိုးလိုလိုအရာများရစ်သီနေသောကြောင့် မည်သည့်အရာမှန်း သေချာမသိ ၊ သံစဉ်တစ်ခုကိုရွတ်ဆိုလာသည်မှာတော့ သေချာသည်။ ညနက်ကြီးတွင် ဤကဲ့သို့သီဆိုလာသော သီချင်းသံမှာ မကောင်းဆိုးဝါးများ မြူးတူးနေသော အသံကဲ့သို့ပင် ကျောခမ်းစရာကောင်းလှသည်။ ဆယ်ဟွန်းသည် ဆောင်ထားနေကျဖြစ်သော မျက်နှာဖုံးကို ထုတ်ကာ မျက်နှာတွင်တပ်ဆင်လိုက်သည်။ အသံမထွက်အောင် သစ်ပင်ပေါ်မှ တွယ်ဆင်းလိုက်ပြီး မြင်းကြီး၏ လည်ဆံမွှေးများကို ပွတ်သပ်ချော့မြူပေးရင်း ခြေဖော့ကာ ထိုအလင်းရောင်ရှိရာသို့ သစ်ပင်များကို ကွယ်ရင်းပြေးသွားလိုက်သည်။ တစ်စတစ်စပိုနီးလာလေ သီချင်းသံမှာ ပိုကျယ်လာလေဖြစ်လေသည်။ တူညီသော အဖြူရောင်အ၀တ်အစားများပေါ်တွင် အနီရောင်ဖဲကြိုးများဖြင့်အလှဆင်ထားသော ကိုယ်ရုံများကို ယောကျာ်းရော ၊ မိန်းမများပါ ၀တ်ဆင်ထားကြသည်။ ဟန်နိုင်ငံမှ အ၀တ်အစားများတော့မဟုတ် ဂျိုဆွန်းပြည်မှ အ၀တ်အစားများနှင့်ဆင်လေသည်။ လူတစ်စုမှာ သီချင်းများကို သီဆိုနေကာ တစ်နေရာဆီသို့ ခပ်သွက်သွက်လှမ်းနေကြသည်။ ရှေ့ဆုံးမှ မီးပုံးကိုကိုင်ဆောင်ကာ သွားနေသူသည် ကောင်းကင်ကို တစ်ချက်မော့ကြည့်ကာ

Empire's Soul MateWhere stories live. Discover now