Soul Mate 54

151 23 9
                                    

Zawgyi #

ဆယ်ဟွန်းထွက်လာချိန်တွင် မင်ယွီမှာ မနိုးသေး ၊ ဆယ်ဟွန်း မင်ယွီကိုကျွေးခဲ့သော သကြားခဲတွင် အိပ်ပျော်စေသည့် ဆေးကိုထည့်ကာ ဖော်စပ်ထားခြင်းဖြစ်သည်။ နံနက်ခင်း လင်းလင်းချင်းပင် ဆယ်ဟွန်းမှာ မင်ယွီ အဆောင်မှ အ၀တ်အစားအပြည့်အစုံလဲကာ ဘုရင်ရန်ဝေကို တွေ့ဆုံရန် ထွက်လာခဲ့သည်။ မင်ယွီအဆောင်တွင်နေသော်လည်း ဆယ်ဟွန်း တစ်မှေးမျှ မအိပ်ခဲ့ ၊ လျှို့ဝှက်တပ်သားများပေးထားခဲ့သည့် စာလွှာများမှ အကြောင်းအရာများကို ဖတ်ကာ အကောင်းဆုံးစီစဉ်နိုင်ရန် စဉ်းစားနေခဲ့သည်။

အထိန်းတော်ကြီးမှာ ဘုရင်ရန်ဝေကို ဆယ်ဟွန်းရောက်ကြောင်း လျှောက်ထားနေစဉ် ဆယ်ဟွန်းမှာ စာကြည့်ခန်းအတွင်း စောင့်ဆိုင်းနေလေသည်။ ဘုရင့် စာဖတ်ခန်းမှာ ရှားပါးစာအုပ်များဖြင့် တစ်ခန်းတစ်နားရှိနေသည်။ စစ်ဗျူဟာ စာအုပ်များမှာ အကောင်းစားဆိတ်သားရေဖုံးဖြင့် ချုပ်ထားပြီး ခေတ်အဆက်ဆက်မှ နည်းများပါဝင်လေသည်။

" အိုး..... ယောက်ဖတော်က မနက်အစောကြီး ကိုယ်တော့်ကို လာတွေ့တာပါလား "

" စိုးရွံမိပါတယ် မနက်ခင်း ယောက်ဖတော် ရန်ဝေကို အနှောင့်အယှက်ပေးသလိုများ ဖြစ်သွားလေသလား ကျွန်တော်က မိဖုရားကို လုပ်ကြံတဲ့သူကို သိချင်လို့ပါ မနေ့ညက စစ်ဆေးတယ်ဆိုတာ သိပေမဲ့ မိဖုရားက စိုးထိတ်နေဆဲမို့ ကျွန်တော် စောင့်ပေးနေရလို့ပါ "

" အင်း.......... ဒီကိစ္စက နည်းနည်းတော့ ပြောရမှာ မျက်နှာပူစရာ ကိစ္စဘဲ "

" ဘယ်လိုများ မျက်နှာပူစရာကိစ္စမို့ပါလဲ ယောက်ဖတော် "

ဘုရင်ရန်ဝေမျက်နှာမှာ ဆယ်ဟွန်းကို ပြောရန်သင့်မသင့် ချင့်ချိန်နေသည့်ပုံပေါ်နေသည်မို့ ...

" ဂျိုဆွန်းနဲ့ပတ်သက်နေတာလား ယောက်ဖတော် ရန်ဝေ "

ဆယ်ဟွန်း စကားကြောင့် မျက်နှာရိပ်ပြောင်းလဲသွားသော ဟန်ဘုရင်ရန်ဝေ ကိုကြည့်ပြီး ဆယ်ဟွန်း သဘောပေါက်သွားလေသည်။

" အားမနာပါနဲ့ ယောက်ဖတော်ရန်ဝေ ဒီလိုကိစ္စတွေက ပြတ်ပြတ်သားသားဖြေရှင်းသင့်ပါတယ် အရှင်သာ စိတ်မဆိုးဘူးဆိုရင် ကျွန်တော် ဖမ်းမိထားတဲ့ တရားခံကို တွေ့ကြည့်ချင်ပါတယ် "

Empire's Soul MateWhere stories live. Discover now